ဟောင်ပါးကျေးရွာအထကကျောင်းဝန်းအတွင်းဗုံးလေးလုံးကွဲ 

ဇွန် ၄ ၊ ဟောင်ပါး 

ဖားကန့်မြို့နယ် ဟောင်ပါးကျေးရွာမှာရှိတဲ့ အထကကျောင်းဝန်းအတွင်းမှာ ဒီနေ့ ဇွန်လ ၄ ရက်နေ့ည ၇ နှစ်နာရီဝန်းကျင်မှာ ဗုံးလေးလုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ််လို့ ဒေသခံ တွေဆီကနေ သိရပါတယ်။ 

“ ၇ နာရီဝန်းကျင်မှာ ၊ စာသင်ကျောင်းဝင်းအတွင်းမှာ လေးလုံးကွဲတာ၊ အခုကတော့ မိုးရွာနေတဲ့အခါကျတော့ ဘယ်သူမှ သွားမကြည့်ရသေးဘူး ၊ ဘာဖြစ်သွားလဲဆိုတာ” လို့ ကျောင်းဝန်းအနီးက ဒေသခံတစ်ဦးက ပြောပါတယ်။ 

ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီးတော့ ဒေသခံတွေ ကျောင်းဝန်းထဲကို မသွားကြည့်ရသေးကြောင်း သိရပါတယ်။ 

စာသင်ကျောင်းက ကျောင်းအပ်လက်ခံမှုတွေပြုလုပ်ထားပြီး လာမယ့် ဇွန်လ (၆) ရက်နေ့ကစ ကျင်းပြန်ဖွင့်မှာဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။  

၂၀၂၁ ခုနှစ် ဇွန်လတုန်းကလည်း ဒီအထက ကျောင်းဝန်းထဲမှာ ဗုံးတစ်လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သလို ဖားကန့်မြို့နယ် မှော်စီဇာကျေးရွာမှာရှိတဲ့ ကျောင်းအနီး ဗုံးပေါက်ကွဲမှုကြောင့် ဆရာ/မနဲ့ ကျောင်းသူ/သားတချို့ ထိခိုက်ဒဏ်ရာရမှုတဲ့ ဖြစ်စဉ်တွေရှိခဲ့ပါတယ်။ 

https://www.facebook.com/shannivoicenewsjournal/posts/2787326961563326

Leave a Reply

Your email address will not be published. Required fields are marked *