အင်းတော်ကြီးဒေသ ရှိ ရွှေမဉ္ဇူရေလည်ဘုရားသည်နှစ် စဉ်ခရီးသွားများတိုးမြင့်လာမှု များကြောင့် ဘုရားရင်ပြင်တော်ကို ပေ(၁၀၀) ပတ်လည်တိုးချဲ့ သွားမည်ဟု မိုးညှင်းမြို့ နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးရဲအောင်ကပြောသည်။
ထိုသို့ တိုးချဲ့နိုင်ရန်အတွက် ( Soil Test မြေဆီလွှာ စမ်းသပ်မှုများ) ကို ပညာရှင်များ ၊ ပုဂ္ဂလိက ကုမ္ပဏီတစ်ခုဖြစ်သည့် GEOFOCUS Myanmar ecotechnical services Co,Ltd နှင့် ချိတ်ဆက်ထားပြီး စမ်းသပ်မှုကုန်ကျငွေကို ခန့်မှန်းတွက်ချက်ထားပြီးဖြစ်ကြောင်း ၎င်း ကဆက်လက်ပြောကြားသည်။
ထိုမြေဆီလွှာစမ်းသပ်စစ်ဆေးပြီးနောက်ပိုင်းမှသာ တိုးချဲ့နိုင်ရေးအတွက် ဒီဇိုင်းနှင့် ကုန်ကျစရိတ်များကို တွက်ချက်နိုင်မည်ဟု ၎င်းကဆိုသည်။
“ အခုဘုရားရင်ပြင်က တစ်ဖက်ကို ၂၃ ပေ ၊ ၂၅ ပေ ၊ ပေအကျယ်ကညီတော့မညီဘူး” ဟု အင်းတော်ကြီးရွှေမဉ္ဇူရေလည်ဘုရား ကောပကဦးသောင်းညွန့်ကဆိုသည်။
အင်းတော်ကြီးဘုရားရင်ပြင်တိုးချဲ့နိုင်ရေးအတွက် အင်းတော်ကြီးဘုရား၏ရံပုံငွေဖြင့်သာ ပြုလုပ်သွားမည်ဖြစ်သည် ။
အင်းတော်ကြီးဘုရား၏ ရံပုံငွေသည် မြန်မာ့စီးပွားရေးဘဏ်တွင် ကျပ် (၁၂၈၂၄၆၅၇၅၇) ရှိနေသည်။