အင်တာနက်စျေးနှုန်းများတိုးမြင့်ကောက်ခံပြီးနောက်ကျေးလက်ဒေသမှာအသုံးပြုသူလျှော့ကျလာ

ဇန်နဝါရီ ၁၃ ၊ ဟုမ္မလင်း 

စစ်ကောင်စီက အင်တာနက်စျေးနှုန်းတွေ တိုးမြင့်ကောက်ခံပြီးနောက်  ကျေးလက်ဒေသတွေမှာ အသုံးပြုသူ လျှော့ကျလာကြောင်း စုံစမ်းသိရှိရပါတယ်။ 

စစ်ကောင်စီက အင်တာနက်စျေးနှုန်းများကို  ၂၀၂၁ ခုနှစ် ဒီဇင်ဘာလကစတင်ပြီး နှစ်ဆတိုးမြင့်ကောက်ခံခိုင်းခဲ့တာလည်းဖြစ်ပါတယ်။ 

ဒီရက်ပိုင်းမှာပဲ စစ်ကောင်စီက ဆင်းကဒ်စျေးနှုန်းကိုလည်း တစ်ကဒ် ၁၅၀၀ ကနေ ၂ သောင်းကျပ်အထိ တိုးမြင့်တဲ့ ဥပဒေတစ်ရပ်ကို ပြဌာန်းခဲ့ပါတယ်။​

ဒီလိုစျေးနှုန်းမြင့်တက်လာမှုနဲ့ ပတ်သက်ပြီး  ဒေသခံတစ်ဦး ပြောပြတာက … 

“ ပြည်သူတွေက လောလောဆယ် စားဝတ်နေရေး ဆင်းရဲတဲ့ကြားထဲ ဆင်းကဒ်တွေဘာတွေတက်တော့ အဆက်အသွယ်လုပ်ရတာခက်တာပါ့ ဆင်းရဲသားတွေအနေနဲ့မတတ်နိုင်ဘူး ။ ဆင်းကဒ်စျေးနှုန်းလည်းကျစေချင်တယ်။ ပြီးတော့ ကျွန်တော်တို့ အင်တာနက် စျေးနှုန်းတွေကလည်း လျှော့စေချင်တာပါ့ သူတို့အမြတ်ထုတ်တာများလွန်းတယ်။​ တစ်ထောင်ထည့်လိုက်ရင် တစ်ရက်တောင် အင်တာနက်ကြည့်လို့မရဘူးကွ ၊  အခုက အင်တာနက်တောင်မတက်နိိုင်တော့ဘူး “ ဟု ပြောဆိုပါတယ်။​

  ရှမ်းနီအသံသတင်းဌာနက  ဆက်သွယ်မေးမြန်းတဲ့ အင်းတော်ကြီး ၊ ဟုမ္မလင်း ၊ ဗန်းမောက်မြို့နယ် က ကျေးလက်နေပြည်သူတွေက   အင်တာနက်စျေးနှုန်းများမြင့်တက်မှုတွေကြောင့် လက်ရှိမှာ အသုံးမပြုကြောင်း ပြောဆိုကြပါတယ်။  

စီးပွားရေးကြပ်တည်းမှု ၊ အလုပ်အကိုင်ရှားပါးမှုတွေ ၊ ကုန်စျေးနှုန်းမြင့်တက်မှုတွေနဲ့ ဝင်ငွေနည်းပါးလာမှုတွေကြောင့် အသုံးမပြုနိုင်ခြင်းဖြစ်တယ်လို့ ပြောဆိုကြပါတယ်။​

စစ်ကောင်စီရဲ့  အင်တာနက်စျေးနှုန်းတိုးမြင့်ကောက်ခံခြင်းက သတင်းအချက်အလက်စီးဆင်းမှု ကန့်သတ်ခြင်း ၊ သတင်းအချ်ကအလက်မှန်ရရှိနိုင်ခြင်းကို ကန့်သတ်တားမြစ်ခြင်းဖြစ်တယ်လို့ NUG က ဇန်နဝါရီလ (၉)​ရက်နေ့မှာ ပြောဆိုထားပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *