အင်းတော်ကြီးဒေသတွင်ကိုဗစ်ကာကွယ်ဆေးထိုးနှစ်ကြိမ်ထိုးနှံထားသူလည်း ပြန်လည်ကူးစက်ခံရ

TestKit ဖြင့် ကိုဗစ်စစ်ဆေးနေသည့် မိုင်းနောင်ကျေးရွာမှ Volunteer တစ်ဦးကိုတွေ့ရစဉ် Photo/ShanNi Voice

စက်တင်ဘာ ၁၀ ၊ အင်းတော်ကြီး 

အင်းတော်ကြီးဒေသတွင် ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံထားသူတစ်ဦး ပြန်လည်ကူးစက်ခံရကြောင်းသိရသည်။ 

အင်းတော်ကြီး ဒေသ နမ့်မွန်းမြို့ နှင့် မိုင်းနောင်ကျေးရွာ တို့ရှိ ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးသူ  Volunteer (စေတနာ့ဝန်ထမ်း) (၁၀)​ ဦးခန့် ကိုဗစ်ရောဂါပိုးကူးစက်နေကြောင်း ကူးစက်ခံရသူတစ်ဦးကဆိုသည်။ 

“ ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီးသာကျနော်ကကိုဗစ်ထိသာပဲ နည်းနည်းတော့ခံရပေါ့ စစချင်းလည်ချောင်းထဲယားလာ တယ် ကိုယ်ပူတယ် ညရောက်တော့ ချမ်းစိမ့်ဖျားတယ်ကျနော်က အိန္ဒိယဆေးထိုးထားသာ ”  ဟု ကူးစက်ခံထားရသူတစ်ဦးကဆိုသည်။ 

၎င်းသည် လက်ရှိတိုင် ကိုဗစ်ရောဂါပိုးကူးစက်ခံထားရပြီး အနံ့ပျောက်နေဆဲဖြစ်သည်။ 

“  သူက လူနာထိတွေ့မှုလည်းများတာတစ်ပိုင်းပါတာလေ၊  လူနာပို့တာတို့ ၊ ပိုးတွေ့ပြီးသားကိုလည်း မီးသင်္ဂြိုလ်တာအထိလုပ်တာလေ” ဟု မိုင်းနောင်ကျေးရွာ ရပ်ဖိရပ်ဖတစ်ဦးကပြောသည်။ 

အင်းတော်ကြီးဒေသ တချို့သော သက်ကြီးရွယ်အိုများနှင့် Volunteer တချို့သည့် အာဏာသိမ်းပြီး တစ်လအကြာတွင်  အိန္ဒိယနိုင်ငံထုတ် Covidshield ဆေးကိုထိုးနှံထားသည်။ 

ယခင်လက  တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးထိုးမှုတွင် အသက် (၆၅) နှစ်အထက် ၁၉၀ ဦး ၊ သံဃာတော် ၁၀ ပါး ၊ ပရဟိတအဖွဲ့ ၂၂၅ ဦး ၊ စျေးသည် ၅၀ ဦးတို့ထိုးနှံခဲ့ကြသည်။ 

Leave a Reply

Your email address will not be published. Required fields are marked *