အင်းတော်ကြီးဒေသမပြင်ကျေးရွာမှာ   အုပ်ချုပ်ရေးမှူးတွေနှုတ်ထွက်ဖို့သတိပေးစာပစ်ခံရ 

မေ ၉ ၊ အင်းတော်ကြီး 

အင်းတော်ကြီးဒေသ မပြင်ကျေးရွာမှာ အုပ်ချုပ်ရေးမှူးတွေ နှုတ်ထွက်ဖို့နဲ့ သေနတ်သံတွေ ကြားရင် အပြင်မထွက်ကြဖို့ သတိပေးစာတစ်ခု မနေ့က မေလ (၈) ရက်နေ့မှာ လာကပ်သွားတယ်လို့ ဒေသခံတွဆီကနေသိရပါတယ်။ 

စစ်ကောင်စီခံတဲ့ အုပ်ချုပ်ရေးမှူးတွေ CDM မပြုလုပ်ရင် သုတ်သင်မယ်ဆိုတဲ့ ရာဇသံပေးစာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ရှမ်းနီအသံကို ပြောပါတယ်။ 

“ CDM  မပြုလုပ်တဲ့အုပ်ချုပ်ရေးမှူးတွေကိုသုတ်သင်ရှင်းလင်းသွားမယ်ဘာညာဆိုပြီးမှာဒါကတော့ပေါ့ပေါ့နဲ့တော့တွေးလို့မရဘူး။လူကြီးကလည်းတစ်ဖက်ကသူတို့ထွက်မယ်ဆိုလို့ရင်တစ်ဖက်ကညိုငြင်ပြန်မထွက်ပြန်တော့လည်းအဲ့သလိုဆိုတော့ကျွန်တော်တို့ဒီကြားထဲကလူကဘယ်လိုလုပ်ရမယ်ဆိုတာကိုယ်ချင်းစာရင်တော့ပိုကောင်းဒါပေါ့ကွာဒီလိုမစဉ်းစားပဲလုပ်မယ်ဆိုရင်ဒါကတော်တော်မကောင်းတဲ့ထဲမှာပါတာဖြစ်နေပြီလို့ဒေသခံတစ်ဦးကပြောပါတယ်။ 

ဒီစာကို  PDF  တွေက မပြင်အုပ်ချုပ်ရေးမှူးရုံးနဲ့ တခြားထင်သာမြင်သာရှိတဲ့နေရာတွေမှာ  လာကပ်သွားတာဖြစ်တယ်လို့ဆိုပါတယ်။ 

ဒီီလို့သတိပေးစာက မပြင်ကျေးရွာတစ်ခုတည်းမှာကပ်ထားတာဖြစ်ပြီး ကျန်တဲ့ကျေးရွာတွေမှာ မတွေ့ရသေးဘူးလို့လည်း ပြောဆိုကြပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *