အင်းတော်ကြီးဒေသမှာမိသားစုဝင်ငွေဖြစ်တဲ့ငါးပေါက်သီးအပင်တွေကိုခုတ်လဲပြီးပျဉ်၊ထင်းနဲ့မီးသွေးထုတ်ယူမှုတွေကြောင့်ရှားပါးလာ

စက်တင်ဘာ ၂၀ ၊​ အင်းတော်ကြီး 

အင်းတော်ကြီးဒေသမှာ မိသားစုဝင်ငွေဖြစ်တဲ့ ငါးပေါက်သီးအပင်တွေကို ခုတ်လဲပြီး ပျဉ်၊ ထင်း နှင့် မီးသွေးထုတ်ယူမှုတွေကြောင့် ယခုနှစ်မှာ ပိုရှားပါးလာတယ်လို့ ဒေသခံတောင်သူတွေက ပြောဆိုကြပါတယ်။ 

“ အခုရာသီချိန်ဆို ငါးပေါက်သီးကောက်ကြတယ် ရွာမှာက တစ်ပြည်ကို ထောင့်ငါးရာတဲ့ ငါးပေါက်သီးတွေကလည်း သူများသစ်လုပ်တာ လွန်ကျွံတာပေါ့ကွာ အကုန်လုံးခုတ်ကုန်တာ၊ ငါးပေါက်သီးက ရွာကလူတွေဝင်ငွေရတာပေါ့ အဲ့လိုမှီပြီးတော့နေရတာပေါ့ သူ့ရာသီနဲ့သူ” လို့ နားလတန်း ကျေးရွာက ငါးပေါက်သီးနဲ့ မိသားစုဝင်ရှာနေသူ တစ်ဦးက ပြောပြပါတယ်။ 

ယခုနှစ်မှာ ငါးပေါက်သီးတစ်ပြည်ကို နှစ်ထောင်ကျပ်ဝန်းကျင်မှာ စျေးကောင်းပေးဝယ်ကြပေမယ့် ရှားပါးနေတာလည်းဖြစ်ပါတယ်။ 

ငါးပေါက်သီးအပင်တွေကို ခုတ်လှဲမှုကြောင့် ယခင်ကထက် တောနက်တဲ့ ချောက်၊ လျှို မြောင်တွေထဲမှာ သွားရောက်ရှာယူနေရတယ်လို့  ငါးပေါက်သီး သွားကောက်ခဲ့တဲ့ မိုင်းနောင်ကျေးရွာသားတစ်ဦးက ပြောပြပါတယ်။ 

“ ရှားသွားပြီ တောတောင်တွေလည်းပြုန်းတီးကုန်တော့လေ။ ရှားပါးလာတော့အပင်တွေက တကယ့်ဝေးတဲ့နေရာတွေမှာပဲ သွားရှိတော့တာ၊ အသီးတွေကလည်း သယ်ယူရတာ တအားခက်ခဲတာပေါ့” လို့ မိုင်းနောင်ကျေးရွာသားက ဆိုပါတယ်။ 

ရှားပါးလာတဲ့ ငါးပေါက်သီးအပင်တွေကို ထိန်းသိမ်းပေးကြဖို့ ဒေသတွေ ပြောဆိုနေကြပါတယ်။

ငါးပေါက်သီးတွေကို ငါးပေါက်သီးယိုနဲ့ တခြားဒေသထွက် မုန့်တွေထဲမှာလည်း ထည့်စားကြပြီး အင်းတော်ကြီးဒေသနှင့် မိုးညှင်းမြို့ရဲ့ လက်ဆောင်ပစ္စည်းတစ်မျိုးလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *