အင်းတော်ကြီးဒေသမှာ စစ်တပ်ထုတ်ကုန် အရက်၊ဘီယာတွေကို မရောင်းချကြဖို့ PDF တွေသတိထပ်ပေး 

၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့က မိုင်းနောင်ကျေးရွာမှာ ဘီယာများကိုဖျက်ဆီးခဲ့ပြီးနောက်တွေ့ရစဉ်

ဇန်နဝါရီ ၅ ၊ အင်းတော်ကြီး 

အင်းတော်ကြီးဒေသတစ်ခုလုံးမှာ   စစ်တပ်ထုက်ကုန်ဖြစ်တဲ့ အရက် ၊  ဘီယာတွေ ရောင်းချခြင်းမပြုဖို့ ဈေးဆိုင်တွေမှာ အင်းတော်ကြီး PDF  တွေက လိုက်လံသတိပေးဆော်ဩမှုတွေ ပြုလုပ်ခဲ့တယ်လို့ စျေးဆိုင်တွေဆီကနေ သိရပါတယ်။  

အင်းတော်ကြီးဒေသမှာရှိတဲ့ ကျေးရွာတွေကို ယူနီဖောင်းဝတ်စုံပြည့်ဝတ်ဆင်ပြီး ဆိုင်ကယ်စီးနှင်းလာတဲ့ လူ (၇) ဦးပါဝင်သော  PDF အဖွဲ့က ဇန်နဝါရီလ ၂ ရက်နေ့  ညနေ လေးနာရီခန့်အချိန်တွင် လာရောက် သတိပေးသွားတာဖြစ်တယ်လို့  စျေးဆိုင်ရှင်တစ်ဦးက ပြောပြပါတယ်။ 

“ညနေ လေးငါးနာရီလောက်တော့ရှိမယ် ယူနီဖောင်းတွေ ဆိုင်ကယ်တွေနဲ့ ၇ယောက်လောက်က  ရွာထဲကဈေးဆိုင်တွေကို စစ်တပ်ကထုက်တဲ့  အရက်ဘီယာတွေ မရောင်းဖို့ လာပြောသွားတာ  ” အင်းတော်ကြီးဒေသခံတစ်ဦးက ပြောပြပါတယ်။ 

အခုလိုသတိပေးမှုတွေကို အင်းတော်ကြီး PDF အဖွဲ့ကလည်း သတိပေးကြောင်း ရုပ်သံနှင့်တကွ သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဖော်ပြထားပါတယ်။ 

အင်းတော်ကြီးဒေသ မိုင်းနောင်ကျေးရွာမှာလည်း  ဒီဇင်ဘာလ ၆ရက်နေ့က စစ်တပ်ထုက်ကုန်တံဆိပ်ပါ ဘီယာဖာ ၃၀ကျော်ကို   အင်းတော်ကြီး PDF  အဖွဲ့က ဖျက်စီးမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ 

စစ်တပ်ထုက်ကုန်ဖြစ်တဲ့ မြန်မာဘီယာ၊ ဒဂုန်ဘီယာ၊ အက်တမင်ကိုးလ် ဘီယာတွေအပြင် တစ်ခြားသော ထုက်ကုန်အမျိုးအစားတွေကိုလည်းမသုံးစွဲကြဖို့

 အာဏာသိမ်းမှုနောက်ပိုင်းတွင် ဆော်ဩနေတာလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *