
မတ်၁၅၊မိုးညှင်း
မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ နန့်မွန်းမြို့တောင်ထိပ်စစ်ဆေးရေးစခန်းတွင် မတ်လ(၁၃)ရက်နေ့ ညနေပိုင်းမှ စတင်ပြီး စက်သုံးဆီယာဉ်များ ဖြတ်သန်းသွားလာခွင့်ကို ပိတ်ထားကြောင်း အင်းတော်ကြီးဒေသခံများထံမှ သိရပါတယ်။
စက်သုံးဆီတင်ယာဉ်ဖြတ်သန်းခွင့်ကို (၁၃)ရက်နေ့မှ (၁၇)ရက်နေ့ထိ (၅)ရက်တာပိတ်ထားမည်ဟုဆိုထားပြီး ဒီလိုအပိတ်ခံထားရမှုကြောင့် အင်းတော်ကြီးဒေသမှာ စက်သုံးဆီဈေးများမြင့်တက်လာနေတယ်လို့ အင်းတော်ကြီဒေသခံတွဆီကနေ သိရပါတယ်။
“ ဆီဈေးက တက်တယ်လို့ခနက ပြောခဲ့တယ် တောင်ထိပ်က ဂိတ်မှာ စစ်သားတွေက ဆီကားတွေကို မဖြတ်ခိုင်းထားဘူးလေ ပိတ်ထားတယ် ငါးရက်ပိတ်မယ်လို့ အေ့လိုကြားတယ် ဆီဈေးက ပရီမီယမ်တွေက ( ၇ )သိန်းထိရှိတယ်။ အခုပိတ်ထားလိုက်တော့ ရောင်းတဲ့သူတွေက သူတို့ဖာသူတို့ ဈေးတင်ရောင်းလိုက်တာနေမှာ ၇သိန်းခွဲ ထိရှိနေတာ” လို့ ဒေသခံတစ်ဦးကပြောပြပါတယ်။
စက်သုံးစက်ကားဝင်ရောက်မှု ပိတ်ပင်ခြင်းကြောင့် ဒီဇယ်တစ်ပေပါ မူလက ကျပ် (၇) သိန်းရှိရာကနေ နှစ်က်အတွင်း (၅) သောင်းစျေးမြင့်တက်လာခဲ့တာလည်းဖြစ်ပါတယ်။
စက်သုံးဆီကားဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားရတဲ့ အကြောင်းအရင်းကိုတော့ မသိရှိရဘူးလို့ဒေသခံတွေက ဆိုကြပါတယ်။
အင်းတော်ကြီးဒေသက ရွှေမှော်တွေမှာ ရွှေတူးဖော်ဖို့အတွက် စက်သုံးဆီတွေကို အဓိကအသုံးပြုနေပြီး ဒေသတွင်းသွားလာရေးအတွက် စက်သုံးဆီက ဖူလုံမှုတွေရှိတယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။
ဖားကန့်မြို့နယ် နန့်တိန်းကျေးရွာအနီးတွင်လည်း မတ်လ(၁၃)ရက်နေ့မှစ၍ စက်သုံးဆီတင်ယာဉ်များ ဖြတ်သန်းခွင့်ပိတ်ထားကြောင်း သိရပါတယ်။