အစ္စရေးကို အီရန်က မစ်ဇိုင်း ၁၈၀ ကျော်ဖြင့် တိုက်ခိုက်မှုအပြီး ဒေသတွင်း ပဋိပက္ခကြီးထွားလာ 

အောက်တိုဘာ ၂ ၊​ Middle east 

အရှေ့အလယ်ပိုင်းအင်အားကြီး အီရန်နိုင်ငံက အာရှတိုက်အနောက်ပိုင်းရှိ အစ္စရေးနိုင်ငံအတွင်းကို  အင်္ဂါနေ့က မစ်ဇိုင်းဒုန်းကျည် အနည်းဆုံး ၁၈၀ နဲ့ ဆက်တိုက် ပစ်ခတ်ခဲ့ပြီးနောက် အရှေ့အလယ်ပိုင်းဒေသမှာ ပဋိပက္ခကျယ်ပြန့်လာခဲ့တယ်လို့ AP သတင်းက ရေးသားပါတယ်။ 

အီရန်ပြောရေးဆိုခွင့်ရှိသူက ဂါဇာကမ်းမြောက်ဒေသ နဲ့ လက်ဘနွန်က အီရန်ကျောထောက်နောက်ခံပြုထားတဲ့ ဟစ်ဇ်ဘိုလာအဖွဲ့ကို အစ္စရေးက ဒုန်းကျည်တွေနဲ့ တိုက်ခိုက်မှုကို လက်တုန့်ပြန်တဲ့အနေနဲ့ ပစ်ခတ်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။ 

အစ္စရေးဟာ လက်ဘနွန်တောင်ပိုင်းမှာ အကန့်အသတ်မရှိ မြေပြင်ကျူးကျော်မှုတွေပြုလုပ်ခဲ့တာလို့ အီရန်ကပြောပါတယ် ။ 

အင်္ဂါနေ့ညပိုင်းက အစ္စရေးနိုင်ငံရဲ့  မစ်ဇိုင်းဒုံးကျည်တွေကြောင်း ကောင်းကင်မှာ လိမ္မော်ရောင်သန်းလာပြီး  အရပ်သားတွေအများအပြား ပြားပန်းခတ်ပြေးလွှားကာ လုံခြုံတဲ့နေရာမှာ ပြေးပုံးခဲ့ကြပါတယ်။ 

အစ္စရေးစစ်တပ်ရဲ့ပြောရေးဆိုခွင့်ရှိသူက အီရန်ရဲ့တိုက်ခိုက်မှုတွေကို လေကြောင်းကာကွယ်ရေးတွေကနေ တချို့ကာကွယ်နိုင်ခဲ့တယ်လို့ဆိုတယ်။ 

အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုကလည်း “ ဒီညအတွက် အမှားကြီးပြုလုပ်ခဲ့ပြီ ဒီအတွက် ပြန်ပေးဆပ်ရလိမ့်မယ်လို့” သူက ပြောပါတယ်။ 

အစ္စရေးနဲ့ အီရန်ကြားမှာ  တိုက်ရိုက်ပဋိပက္ခမဖြစ်ပွားခဲ့ပေမယ့် လေးကြိမ်တိုင် သွယ်ဝိုက်တဲ့ စစ်ရေးတွေဖြစ်ပွားခဲ့ပါတယ်။ 

ကုလသမဂ္ဂလုံခြုံရေးကောင်စီကလည်း ဒီနေ့မနက်ပိုင်းမှာ အရှေ့အလယ်ပိုင်းအရေးနဲ့ ပတ်သက်တဲ့  အရေးပေါ်အစည်းအဝေးတစ်ခုကျင်းပဖို့လည်းရှိနေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *