အစ္စရေး နှင့်  ဟားမက်တို့ကြား အပစ်ခတ်ရပ်စဲရေး သဘောတူညီမှုရ 

ဇန်နဝါရီ ၁၆ ၊ ဂျေရုစလင် 

အပစ်ခတ်ရပ်စဲရေးအတွက် အစ္စရေးနဲ့ ဟားမက်တို့အကြား ဇန်နဝါရီလ ၁၆ ရက်နေ့မှာ သဘောတူညီမှုရရှိခဲ့ပြီလို့ နိုင်ငံတကာသတင်းတွေက ဖော်ပြလာကြပါတယ်။ 

တစ်နှစ်ကျော်အကြာဖြစ်ပွားလာတဲ့  အစ္စရေးနဲ့ ဟားမက်တို့ တိုက်ပွဲရဲ့ အပစ်ခတ်ရပ်စဲရေးကို   အစ္စရေး ၊ ဟားမက်စ် ၊ အမေရိကန်၊ အီဂျစ်နဲ့ ကာတာတို့က ဆွေးနွေးကြပြီး  သဘောတူညီခဲ့ကြတာလို့ သိရပါတယ်။ 

အပစ်ခတ်ရပ်စဲရေးနဲ့အတူ ဓားစာခံတွေပြန်လည်လွှတ်ပေးရေးအတွက် အစီအစဉ်ပါဝင်ပြီး လာမယ့် ဇန်နဝါရီလ ၁၉ ရက်နေ့မှာ အသက်ဝင်သွားမယ်လို့ ဆိုပါတယ်။ 

ကာတာနိုင်ငံ ၊ ဒိုဟာမြို့မှာ  ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကာတာဝန်ကြီးချုပ်က အစ္စရေးနဲ့ ဟားမက်စ်တို့ကြားသဘောတူညီမှုတွေဟာ လာမယ့် တနင်္ဂနွေနေ့မှာ အသက်ဝင်သွားမယ်လို့အတည်ပြုတာဖြစ်ပါတယ်။ 

တရားဝင် ထုတ်ပြန်ခြင်းမရှိသေးတဲ့  သဘောတူညီချက်ထဲမှာ  သီတင်းပတ်ခြောက်ပတ်ကြာ အပစ်အခတ်ရပ်စဲရေးအဆင့်ကို ဖော်ပြထားပြီး ဂါဇာကမ်းမြှောင်မှ အစ္စရေးတပ်ဖွဲ့များ တဖြည်းဖြည်းဆုတ်ခွာတာနဲ့  အစ္စရေးက ထိန်းသိမ်းထားသည့် ပါလက်စတိုင်းလုံခြုံရေးအကျဉ်းသားများနှင့် လဲလှယ်ဖို့ရန်၊  ဟားမတ်စ်တွေဖမ်းထားတဲ့  ဓားစာခံများ လွှတ်ပေးရေးတို့ ပါဝင်ပါတယ်။ 

သဘောတူညီချက် အကောင်အထည်ဖော်မှု စတင်တာနဲ့တပြိုင်တည်း  ပထမ ၄၂ ရက်အတွင်း အစ္စရေး ဓားစာခံ ၃၃ ဦးကို ဟားမတ်စ်က တဖြည်းဖြည်း လွှတ်ပေးမယ်လို့ ထုတ်ပြောထားကြပါတယ်။ 

အပစ်အခတ်ရပ်စဲရေး ဒုတိယအဆင့်ကို နှစ်ဖက်သဘောတူနိုင်မှသာ နောက်ထပ်ဓားစာခံ ၆၅ ဦးလွှတ်မြောက်မှာဖြစ်ပြီး နှစ်

ပတ်ခန့်ကြာမှ တိုက်ပွဲများရပ်တန့်သွားမှာဖြစ်ပါတယ်။ 

2023 ခုနှစ် အောက်တိုဘာလ 7 ရက်နေ့တွင် အစ္စရေးနိုင်ငံတောင်ပိုင်းသို့ ဟားမတ်စ်ဦးဆောင်သော ထောင်နှင့်ချီတဲ့ တိုက်ခိုက်ရေးသမားတွေက ဂါဇာကမ်းမြောင်ဒေသသို့ ဝင်ရောက်စီးနင်းခဲ့ရာ လူပေါင်း 1,200 သေဆုံးခဲ့ပြီး အများစုမှာ အရပ်သားများဖြစ်ကာ ဓားစာခံ ၂၅၁ ဦးကို ဓားစာခံအဖြစ် သိမ်းပိုက်ခဲ့ပြီးနောက် ဂါဇာတွင် စစ်ပွဲစတင်ခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *