အာဆီယံထိပ်သီး အစည်းအဝေးပွဲမတိုင်မှီ အင်ဒိုနီးရှားနိုင်ငံတွင် ပြုလုပ်သည့် မြန်မာ့အရေးဆွေးနွေးပွဲ  RCSS/SSA တက်ရောက်ခဲ့ 

အောက်တိုဘာ ၈ ၊​ လွိုင်တိုင်းလျန်း 

အာဆီယံထိပ်သီးအစည်းအဝေးပွဲမတိုင်မှီရက်ပိုင်းက အင်ဒိုနီးရှားနိုင်ငံက ဦးဆောင်ပြုလုပ်သည့် မြန်မာ့အရေးဆွေးနွေးပွဲမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA က တက်ရောက်ခဲ့တယ်လို့ Tai Freedom က ထုတ်ပြန်လာပါတယ်။ 

အောက်တိုဘာလ ၈ ရက်နေ့မှာ RCSS/SSA ရဲ့ သတင်းထုတ်ပြန်တဲ့အဖွဲ့ဖြစ်တဲ့ Tai Freedom က အင်ဒိုနီးရှားနိုင်ငံက ဖိတ်ကြားမှုအရ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး တက်ရောက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အစည်းအဝေးပွဲဟာ အောက်တိုဘာလ ၃ ၊​ ၄ ၊ ၅  (သုံးရက်) ကျင်းပခဲ့တာဖြစ်ပြီး RCSS/SSA အပြင် တခြားသော လက်နက်ကိုင်တပ်ဖွဲ့များလည်း ပါဝင်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ 

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Roy Soemirat က မြန်မာနိုင်ငံအကျပ်အတည်းနှင့်ပတ်သက်ပြီး အာဆီယံအထူးသံတမန်များကြား ဆွေးနွေးဖို့ အစီအစဉ်ရှိကြောင်း ပြောကြားထားသော်လည်း တက်ရောက်လာသူများနှင့် ဆွေးနွေးပွဲရဲ့ အသေးစိတ်အချက်အလက်များကို ပြောကြားခြင်းမရှိပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *