အာဆီယံအထူးသံတမန်လာမယ်သီတင်းပတ်မှာ  မြန်မာနိုင်ငံ  ဒုတိယအကြိမ်လာရောက်မည်

အာဆီယံအထူးကိုယ်စားလှယ်မြန်မာပြည်ခရီးစဉ် စတင်

မေ ၈ ၊ ဖနွမ်းပင်

အာဆီယံဆိုင်ရာ အထူးသံတမန်ဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ခ်ဆိုခွန်းက လာမယ့်သီတင်းပတ်ထဲမှာ မြန်မာနိုင်ငံကို ဒုတိယအကြိမ်လာရောက်မယ်လို့ ခမာတိုင်းမ် သတင်းစာက ရေးသားထားပါတယ်။ 

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ ကျင်းပတဲ့ အာဆီယံလူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး အတိုင်ပင်ခံ အစည်အဝေး သတင်းစာရှင်းလင်းပွဲမှာ ဒီလိုလာရောက်မယ့်အကြောင်းကို ပရက်ခ်ဆိုခွန်းက ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ 

အမေရိကန် – အာဆီယံ အထူးထိပ်သီးအစည်းအဝေးပွဲကို လာမယ့် မေ ၁၂ – ၁၃ ရက်နေ့မှ ကျင်းပမှာဖြစ်ပြီး အဲ့ကနေပြန်ရောက်လာပြီးရင် မြန်မာနိုင်ငံကို ဒုတိယအကြိမ် လာရောက်မှာလို့ ပြောပါတယ်။ 

“အာဆီယံ ဥက္ကဋ္ဌအနေနဲ့ ကဏ္ဍပေါင်းစုံ အကျပ်အတည်းမှာ မြန်မာနိုင်ငံကို တတ်နိုင်သလောက် ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်” လို့ သူက ပြောပါတယ်။ 

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံသဘာပတိ အထူးသံတမန်အဖြစ် မတ်လ ၂၁ ရက်မှ မတ်လ ၂၃ ရက်နေ့အထိ မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်လည်ပတ်ခဲ့ပြီး စစ်ကောင်စီခေါင်းဆောင် အပါအဝင် တခြားဝန်ကြီးဌာနနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီတို့နဲ့လည်းတွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *