အာဖဂန်နစ္စတန်နိုင်ငံမှာ လှုပ်ခတ်တဲ့ ငလျင်ကြောင့် သေဆုံးသူ ၂၂၀၀ အထိမြင့်တက်လာနေ 

စက်တင်ဘာ ၅ ၊ အာဖဂန်နစ္စတန်

အာဖဂန်နစ္စတန်အရှေ့မြောက်က တောင်တန်းဒေသမှာ ကယ်ဆယ်ရေးအဖွဲ့ဝင်တွေဟာ ရုပ်အလောင်းပေါင်း ရာနှင့်ချီရှာဖွေတွေ့ရှိခဲ့ပြီး ပြီးခဲ့တဲ့ရက်သတ္တပတ်မှာ လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် သေဆုံးသူ ၂၂၀၀ ကျော်လာတယ်လို့ တာလီဘန်အစိုးရ တာဝန်ရှိသူတွေက ပြောဆိုခဲ့ပါတယ်။ 

ယခင်ခန့်မှန်းချက်များအရ လူပေါင်း ၁,၄၀၀ ခန့် သေဆုံးခဲ့ကြောင်း ဆိုပေမယ့်  တာလီဘန်တရားဝင်ကိုယ်စားလှယ် ဖစ်ထရတ်က သေဆုံးသူအရေအတွက်အသစ်မှာ ၂,၂၀၅ ဖြစ်ကြောင်း ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။ 

ပထမအနေနဲ့ လူတွေအတွက်တဲတွေ ယာယီတဲတွေတည်ဆောက်ပြီး အရေးပေါ်ပစ္စည်းပို့ဆောင်မှုများ ဆက်လက်လုပ်ဆောင်နေပါတယ်” ဟု ဖစ်ထရတ်က ပြောပါတယ်။ 

ကြာသပတေးနေ့မှာ  တတိယကြိမ် ငလျင်လှုပ်ရှားမှု ဖြစ်ပွားခဲ့ပြီး ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ပါတယ်။ 

အင်အား ၆.၂ ရှိတဲ့ ငလျင်ကြောင့် အသစ်ထပ်မံသေဆုံးသူ မရှိသေးဘူးလို့ဆိုပါတယ်။ 

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ မှာ အင်အား ၆ ရှိတဲ့ ငလျင်နဲ့  အင်အား ၅.၅ ရှိသည့်ငလျင် တနင်္လာနေ့တွင် ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၃,၆၄၀ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း တာလီဘန်က ပြောကြားခဲ့ပြီး ကုလသမဂ္ဂက သေဆုံးသူအရေအတွက် ပိုမိုတိုးလာနိုင်ကြောင်း သတိပေးထားသည်

အထူးသဖြင့် ‘ကူနား’ ကဲ့သို့ ထိခိုက်မှု အကြီးဆုံးရှိသော ပြည်နယ်များတွင် လူများ မျက်နှာကျက်အောက်တွေမှာ ပိတ်မိနေဆဲဖြစ်ကြောင်းဆိုထားပါတယ်။ 

“ကျွန်ုပ်တို့ မြေပြင်ပေါ် တွေ့မြင်ရသည်မှာ အပြင်းအထန် ပျက်စီးမှုများ၊ တကယ့်ဘေးအန္တရာယ်ကြီးမားမှု ဖြစ်သည်” ဟု ကမ္ဘာ့အစားအစာအစီအစဉ် WFP  အာဖဂန်နစ္စတန်နိုင်ငံဒါရိုက်တာ ဂျွန် အေးလီအက်ဖ်က ကြာသပတေးနေ့ အယ်လ်ဂျဇီးရာသို့ ပြောကြားခဲ့သည်။

သေဆုံးသူအများစုသည် ‘ကူနား’ပြည်နယ်တွင် ဖြစ်ပြီး လူတွေဟာ ပုံမှန်အားဖြင့် သစ်သားနှင့် မြေစိုက်အိမ်များတွင် နေထိုင်ကြတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *