လိမ္မော်ရောင်အဆင့်သတ်မှတ်ထား
မတ် ၂၁ ၊ ရန်ကုန်
အားကောင်းတဲ့မုန်တိုင်းငယ် အာစနီဟာ ရခိုင်ကမ်းရိုးတန်း နဲ့ ဧရာဝတီတိုင်းကို နောက်နာရီပိုင်းအတွင်းမှာ ဝင်ရောက်နိုင်တယ်လို့
မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားရေးဦီးစီးဌာနက ဒီနေ့ညနေမှာ ထုတ်ပြန်ထားပါတယ်။
အားကောင်းသောမုန်တိုင်းငယ်(Deep Depression)၏ လက်ရှိအခြေအနေက မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေဖြစ်နေတာကြောင့် လိမ္မော်ရောင်အဆင့်ဟု သတ်မှတ်ထားတယ်လို့ ဒီနေ့ မတ်လ ၂၁ ရက်နေ့ ညနေမှာ ထုတ်ပြန်ထားပါတယ်။
ဗဟိုချက်လေဖိအား(၁၀၀၂)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၄၅)မိုင်နှုန်းခန့် ဖြစ်ပါတယ်လို့ဆိုပါတယ်။
ဒီနေ့ညနေပိုင်းမှာ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းအနီးကို ရောက်လာနိုင်ပြီး ၊ မတ်လ ၂၂ ရက်နေ့ နေ့လယ်ပိုင်းမှာ ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းအနီး ၊ မတ်လ (၂၃) ရက်နေ့ နံနက်ပိုင်းတွင် ရခိုင်ကမ်းရိုးတန်း ကို သံတွဲမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းထားပါတယ်။
မုန်တိုင်းဖြတ်ကျော်စဉ် မုန်တိုင်းဒီရေမှာ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊လပွတ္တာခရိုင်၊မြောင်းမြခရိုင်၊ မအူပင်ခရိုင်၊ ဖျာပုံခရိုင်တို့ရှိ မြစ်ဝ၊ မြစ်လက်တက်များအတွင်း(၁၀)ပေမှ (၁၄)ပေခန့်အထိ မြင့်တက်လာနိုင်ကြောင်းခန့်မှန်းထားပါတယ်။
ဒီနေ့မှာပဲ မြန်မာနိုင်ငံအောက်ပိုင်းဒေသတွေမှာ မိုးကြီးနိုင်ပြီး ပင်လယ်ကမ်းရိုးတန်းဒေသ မုတ္တမပင်လယ်ကွေ့ဒေသတွေမှာ မိုးကြီးရေလျှံနိုင်တယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားပါတယ်။