ဖေဖော်ဝါရီ ၁၄ ၊ မန္တလေး
အိန္ဒိယနိုင်ငံက အနုသုခမ ယဉ်ကျေးမှု ၊ ရိုးရာ အစားအစာ ၊ ဘာသာစကား စတဲ့ဘာသာရပ်တွေအတွက် ပညာသင်ဆုလျှောက်ထားလိုတဲ့ ရှမ်းနီလူငယ်တွေကို ရှမ်းနီလူငယ်များအဖွဲ့ချုပ်က ကူညီဆောင်ရွက်ပေးမယ်လို့ သိရပါတယ်။
အနုပညာ ဘာသာရပ်ဖြစ်တဲ့ အက၊ဂီတ ၊ ပန်းချီ ၊ ပန်းပု တွေအပြင် စီမံခန့်ခွဲမှု ဘာသာရပ်များ ၊ အတတ်ပညာပိုင်းဆိုင်ရာ ဘာသာရပ်တွေလည်း ဒီပညာသင်ဆုထဲပါဝင်တယ်။
လူငယ်အဖွဲ့ချုပ်က ရှမ်းနီလူငယ်တွေအတွက် အကျိုးရှိမယ့် ဘာသာရပ်တွေကို လမ်းညွှန်မှုတွေနဲ့ ပညာသင်ဆုလျှောက်ထားရာမှာ လိုအပ်တဲ့ အကူအညီတွေကို ပေးသွားမယ်လို့ ဥက္ကဌ ဆေဝှမ်းဖ ဆီက သိရပါတယ်။
ဒီပညာသင်ဆုလျှောက်လွှာတွေကို အိန္ဒိယကောင်စီဝန်ရုံး ၊ မန္တလေး ရဲ့ facebook လူမှုကွန်ရက်စာမျက်နှာမှာ ဇန်နဝါရီလ ၂၅ ရက်နေ့က စတင်ခေါ်ထားပြီး ဖောင်ပိတ်ရက်က ၂၀၂၂ ခု ဧပြီလကုန်ဖြစ်ပါတယ်။
ဒီလင့်မှာနှိပ်ပြီး ဆက်လက်လေ့လာနိုင်ပါတယ်။ >>>>>>>>>
https://www.facebook.com/permalink.php?story_fbid=3052107611784632&id=1549923472003061