အုန်းစံဆိုင် – အင်းတော်ကြီးကပ်ကျော်လမ်းပိုင်းတောင်ကျရေတိုက်စားပြီးလမ်းပျက်နေ 

မိုးညှင်းမြို့နယ် အုန်းစံဆိုင်ကျေးရွာနဲ့ အင်းတော်ကြီးဒေသ နန့်မွန်းမြို့ကို ဖောက်လုပ်ထားတဲ့လမ်းပိုင်း တောင်ကျရေတိုက်စားမှုကြောင့် လမ်းပိုင်းပျက်နေတယ်လို့  အုန်းစံဆိုင်ကျေးရွာသားတွေဆီကနေသိရပါတယ်။​


  “ ငါတို့ဘက်နေသွားလို့ တောင်ကျော်သွားလို့ တံတားရှည်လေးအကျော် ၊ ဆင်းဆင်းချင်း လမ်းပြေပြေလေးရှိတဲ့နေရာမှာ ပျက်သွားတာလေ ၊ နမ့်မွန်းဘက်အခြမ်းပျက်တာ” လို့ အုန်းစံဆိုင် ရပ်မိရပ်ဖတစ်ဦးက ပြောပြပါတယ်။ 

ဩဂုတ်လ ၃ ရက်နေ့ နန့်မွန်းမြို့မှာ ရေကြီးမှုတတိယအကြိမ်ဖြစ်တဲ့နေ့ကတည်းက ပျက်စီးသွားတာဖြစ်တယ်လို့သိရပါတယ်။ 

တောင်ကျချောင်းရေတိုက်စားပြီး ကမ်းပါးပြိုမှုကြောင့် လမ်းပါပျက်စီးသွားတာလည်းဖြစ်ပါတယ်။ 

“ စဖြစ်တဲ့နေ့က   အေဒီဗန်ကားလေးတွေကော ၊ ဆိုင်ကယ်တွေကောသွားလို့မရဘူး။ မနေ့ကတော့ ကားနှစ်စီးအသေးတက်သွားတယ်။ သွားလို့ရသလားမရဘူးလားမသိဘူး။ ပြန်ခေါက်ခဲ့တာတော့မတွေ့ဘူး” လို့ အုန်းစံဆိုင်ကျေးရွာသားတစ်ဦးကဆိုပါတယ်။ 

ဒီလမ်းပိုင်းကိုပြုပြင်ဖို့အတွက် ဩဂုတ်လ ၅ ရက်နေ့မှာ ဘတ်ဟိုးတစ်စီးနဲ့ လူ၁၀ ဦးခန့်သွားရောက်ပြုပြင်နေတယ်လို့ သိရပါတယ်။ 

ဒီလမ်းပိုင်းက မိုးညှင်းမြို့နဲ့ အင်းတော်ကြီးဒေသကို  အနီးဆုံးနဲ့အမြန်ဆုံးသွားလို့ရတဲ့ တောင်ကျော်လမ်းတစ်ခုဖြစ်ပြီး ၂၀၀၆ ကတည်းက မြေသားလမ်းအဖြစ်ဖောက်လုပ်ထားတာလည်းဖြစ်ပါတယ်။ 

၂၀၁၅ အရပ်သားအစိုးရလက်ထပ်မှာ ဒီလမ်းပိုင်းက တံတားတည်ဆောက်တာ ၊ လမ်းသားချဲ့ထွင်မှုတွေနဲ့ မြေသားကျောက်ကြမ်းလမ်းအဖြစ် တိုးမြင့်ဆောင်ရွက်ထားတာလည်းဖြစ်ပါတယ်။ 

ဒီလမ်းပိုင်းမှာ မိုးရာသီတိုင်း တောင်ပြိုမှုတွေကဖြစ်ပွားလေ့ရှိနေတာလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *