၂၀၀၈ဖွဲ့စည်းပုံအခြေခံပါအချက်တချို့ကိုပြင်ဆင်မယ်လို့စစ်ကောင်စီဥက္ကဌဆို 

အောက်တိုဘာ ၁၅  ၊ နေပြည်တော်

တိုင်းရင်းသားလူမျိုးတွေရဲ့ တောင်းဆိုချက်နဲ့ လိုလားချက်တွေအတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံထဲက  အချက်တချို့ကို ပြင်ဆင်မယ်လို့ စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။ 

အောက်တိုဘာ ၁၅ ရက်နေ့မှာ ကျရောက်တဲ့ တစ်နိုင်ငံလုံးပစ်ခတ်မှုရပ်စဲရေးသဘောတူစာချက် (NCA) ခုနှစ်နှစ်မြောက်နေ့ မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ 

“ ကျွန်တော်တို့အနေနဲ့ တောင်းဆိုချက် လိုလားချက်တွေထဲက ဖြစ်နိုင်တာ ဖြစ်သင့်တာကို အကောင်အထည်ဖော်ဖို့ တချို့သော ဖွဲ့စည်းပုံအခြေခံပါပြဌာန်းချက်တွေကို  ပြင်သင့်တာတွေကိုပြင်ရပါလိမ့်မယ်”  လို့ဆိုပါတယ်။ 

NCA ခုနှစ်နှစ်မိန့်ခွန်းပြောဆိုမှုမှာလည်း စစ်ကောင်စီအနေနဲ့ NCA နဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ခိုင်ခိုင်မာမာဆက်လက်ရပ်တည်သွားမယ်လို့ဆိုပါတယ်။ 

စစ်ကောင်စီက ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကိစ္စရပ်တွေကို အထပ်ထပ်ထည့်သွင်းပြောဆိုထားပြီး တိုင်းရင်းသားတွေရဲ့ လိုအပ်ချက်တွေအတွက် လွှတ်တော်ထဲတွေ ဆွေးနွေးဖို့နဲ့ ရသင့်ရထိုက်တဲ့အခွင့်အရေးတွေရရှိဖို့ ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် တိုင်းရင်းသားကိုယ်စားပြုမှုများတဲ့ အမျိုးသားလွှတ်တော်နဲ့ လူဦးရေများတဲ့ ပြည်သူ့လွှတ်တော် ကြားမှာ သဘောထားကွဲလွဲမှုရှိလာရင် ပြည်သူ့လွှတ်တော်ကသာ လွှမ်းမိုးသွားတာကြောင့် ဒီလိုကိစ္စရပ်တွေကို ပြင်ဆင်ရမယ်လို့ ပြောသွားပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *