၂၀၂၀ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးကြီးကြပ်ဖို့ပျက်ကွက်သူ   ၂၅၀၀  နီးပါးကိုစစ်ကောင်စီ UEC ကအရေးယူထားတယ်လို့ဆို 

ဇွန် ၃ ၊ နေပြည်တော် 

စစ်ကောင်စီခန့်အပ်ထားတဲ့ ရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး လူသုံးထောင်နီးပါးကို အရေးယူထားတယ်လို့ ဇွန်လ ၁ ရက်နေ့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။​

အဲ့လိုတရားစွဲဆိုတဲ့ထဲမှာ  ခရိုင် ၊ မြို့နယ်  နဲ့ ရပ်ကျေး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့က အများဆုံးဖြစ်ပါဝင်နေတာလည်းဖြစ်ပါတယ်။

ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကို စနစ်တကျ ကြီးကြပ်ကွပ်ကဲရန်ပျက်ကွက်ခဲ့သူ  ၂၄၁၇ ဦးရှိပြီးတော့ အဲ့ထဲမှာ  တရားစွဲဆိုပြီး အမှုတွဲအရေအတွက်က၃၇၃ မှု၊ ကျူးလွန်သူ၂၁၆၉ ဦး၊ ပြစ်ဒဏ်ချမှတ်ပြီး၃၆၄ မှု ရှိတယ်လို့ စစ်ကောင်စီ ရွေးကောက် ဦးခင်မောင်ဦးက ဆိုပါတယ်။ 

အဲ့လိုအရေးယူတဲ့သူတွေထဲမှာ နိုင်ငံတော်သမ္မတ ၊ နိုင်ငံတော်အတိုင်ပင်ခံနဲ့ ပြညထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ အဖွဲ့ဝင်များစွာလည်း ပါဝင်နေပါတယ်။ 

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီး ရက်ပိုင်းအကြာမှာပဲ စစ်ကောင်စီတပ်တွေက တစ်နိုင်ငံလုံးက ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တွေကို စစ်တပ်ရင်းတွေထဲ  အနည်းဆုံး ၁၀ ရက်ကြာ ခေါ်ဆောင်သွားခဲ့ကြတယ်လို့ ပြန်လည်လွှတ်လာတဲ့ ကော်မရှင်အဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။ 

၂၀၂၀ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဖြစ်ပွားခဲ့တဲ့ အမှုပေါင်းက ၁၀၇၇ ကျော်ရှိပြီး မဲမသမာမှုတွေနဲ့ တရားမဲ့ပြုကျင့်မှုနဲ့ ပတ်သက်ပြီးတော့ ၄၇၉ ဦး ကို အရေးယူထားတယ်လို့ဆိုပါတယ်။ 

စစ်ကောင်စီဘက်က ၂၀၂၀ ရွေးကောက်ပွဲရလဒ်တွေကို ဖျက်သိမ်းထားပြီး ရွေးကောက်ပွဲအသစ်ကို ၂၀၂၃ ခုနှစ်မှာ ပြန်လည်ပြုလုပ်ဖို့အတွက် ရွေးကောက်ပွဲစနစ်ပြင်ဆင်မှုတွေ ၊ ဥပဒေပြင်ဆင်မှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *