၂၀၂၂ နှစ် ပထမအပတ်အတွင်း မြန်မာမှာ အိုမီခရွှန်တွေ့ရှိသူ ၁၅ ဦးထိရှိထား

Covid19 စစ်ဆေးနေမှုများ Photo- ShanNi Voice

ဇန်နဝါရီ ၁၂ ၊ ရန်ကုန်

တစ်ကမ္ဘာလုံးမှာ ဒီဇင်ဘာလကတည်းက ပြန်လည်ပျံ့နှံ့လာတဲ့  Covid19 မျိုးကွဲသစ် အိုမီရွန်က မြန်မာနိုင်ငံမှာ ၂၀၂၂ နှစ်စ ပထမ ပတ်အအတွင်း ၁၅ ဦးထိတွေ့ရှိထားကြောင်း စစ်ကောင်စီရဲ့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။ 

ဇန်နဝါရီလ ၁၁ ရက်နေ့ သတင်းထုတ်ပြန်ချက်အရ နိုင်ငံခြားကနေ ကယ်ဆယ်ရေးလေယာဉ်နဲ့ မြန်မာနိုင်ငံကို ပြန်လာသူတွေထဲကမှ သံသယရှိတဲ့ ဓာတ်ခွဲနမူနာ (၄) ခုကို  (၉) ရက်နေ့က စစ်ဆေးခဲ့ရာမှာ (၃) ခုမှာ အိုမီခရွန်တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။​

တွေ့ရှိသူ (၃) ဦးက အိန္ဒိယနိုင်ငံကနေ ပြန်လာသူ (၃) ဦးမှာ တွေ့ရှိခဲ့တာလည်းဖြစ်ပါတယ်။ 

ဇန်နဝါရီလ (၇) ရက်နေ့မှာလည်း ကိုဗစ်မျိုးကွဲသစ် အိုမီခရွန်ကို (၁၂) ဦးမှာတွေ့ရှိထားခဲ့တာလည်းဖြစ်ပါတယ်။ 

မြန်မာနိုင်ငံမှာ ဒီဇင်ဘာလအတွင်းမှာ အိုမီခရွန်စတင်တွေ့ရှိခဲ့တာလည်းဖြစ်ပါတယ်။  

ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါပိုးဝင်ရောက်ဖြစ်ပွားမှုကြောင့်  ကမ္ဘာ တစ်ဝန်းမှာ ကူးစက်သူ ငါးသိန်းခွဲအထိရှိနေပြီး နိုင်ငံပေါင်း ၁၅၀ ထိပျံ့နှံ့နေပါတယ်။​

Leave a Reply

Your email address will not be published. Required fields are marked *