ဇီးကျွန်းရွာဟောင်းကို  ရွာအမည်ပျက်စာရင်းမှ ပယ်ဖျက်ပေးဖို့အသနားခံစာတင်သွားမယ်လို့ဆို

ဧပြီ ၂၄ ၊ ဝိုင်းမော် 

ဝိုင်းမော်မြို့နယ် ဇီးကျွန်းကျေးရွာဟောင်းကို ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ရွာအမည်ပျက်စာရင်းကနေ ပယ်ဖျက်ပေးဖို့ အသနားခံစာတင်ပြသွားမယ်လို့ ဇီးကျွန်းကျေးရွာ ရှမ်းနီစာပေနှင့်ယဉ်ကျေးမှုကော်မတီ ဥက္ကဌက ဆိုပါတယ်။ 

“အဲ့ဒီရွာဟောင်းမြေမှာ လုပ်ကိုင်စားသောက်နေတဲသူတွေရှိသေးတယ် ဒါလေးကို နာလည်ပေးဖို့  မေတ္တာရပ်ခံတာပေါ့ ကျွန်တော်တို့က အဲ့လို့မျိုးစာတင်မှာပေါ့” လို့ သူကပြောပါတယ်။

ဝိုင်းမော်မြို့နယ်က ဇီးကျွန်းကျေးရွာဟောင်းဟာ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြစ်အနောက်ဘက်ကမ်း မြစ်ကြီးနားမြို့နယ်ကို ၁၉၉၇ ခုနှစ်မှစ ၂၀၀၄ ခုနှစ်အထိ ပြောင်းရွေ့ကာနေထိုင်ခဲ့ကြရတာလည်းဖြစ်ပါတယ်။ 

ပြည်ထဲရေးဌာန လက်အောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပြီးခဲ့တဲ့ မတ် ၂၈ ရက်နေ့မှာ သဘောတူကြောင်းလက်မှတ်ရေးထိုးပေးဖို့ ကျေးရွာသူ/သားတွေဆီကို စာပေးပို့ခဲ့တယ်လို့ သိရပါတယ်။ 

အေသူတို့ရွာပျက်စာရင်းတင်တဘ်ဆိုလို့ဒီအုပ်ချုပ်ရေးယန္တယားမရှိလို့ပျက်တာကတော့ငါတို့လည်းသဘောတူပါတယ်နော့ကန့်ကွက်စရာမရှိပါဘူးဒါပေမယ့်ရွာပျက်ပြီးတဲ့နောက်မှာအမည်ပျက်စာရင်းသွင်းပြီးတဲ့နောက်မှာမြေနုကျွန်းပဲဆိုတဲ့ပုံစံမျိုးနဲ့ပြောလို့မရဘူးလေလို့သူကဆက်ပြောပါတယ်။

ဇီးကျွန်းရွာဟောင်းကို အုပ်ချုပ်ရေးယန္တယား၊ စာသင်ကျောင်း၊ ဆေးခန်းတွေ မရှိတော့တာကြောင့် ရွာပျက်စာရင်းသွင်းတာဖြစ်တယ်လို့လဲသိရပါတယ်။

ဇီးကျွန်းကျေးရွာအုပ်စုကို အမည်စာရင်းသာပယ်ဖျက်မှာဖြစ်ပြီး ကျေးရွာသူ/သားများပိုင်ဆိုင်သည့် မြေယာများကို သိမ်းဆည်းခြင်းပြုမှာမဟုတ်ဘူးလို့  အုပ်ချုပ်ရေးဘက်က ပြန်လည်ပြောဆိုခဲ့ကြောင်း အုပ်ချုပ်ရေးဌာနနှင့် နီးစပ်သူဆီကနေ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *