ဗန်းမောက်မြို့ကို KIA+PDF ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်နေ 

စက်တင်ဘာ ၁၇ ၊ ဗန်းမောက် 

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း  ဗန်းမောက်မြို့ သိမ်းပိုက်နိုင်ရေးအတွက် ကချင်လွတ်လပ်ရေးတပ် KIA နဲ့ နှင့် PDF ပူးပေါင်းတပ်တွေဟာ စက်တင်ဘာလ ၁၅ ရက်နေ့မှ စပြီး ဝင်ရောက်တိုက်ခိုက်နေတာ ဒီနေ့ဆို ၃ ရက်မြောက်ခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ 

PDF တွေပိတ်ထားတဲ့ အင်းတော်-ဗန်းမောက်လမ်းမှ  မြို့အဝင် အောင်ကမ္ဘာသိန်းဟိုတယ်အနီးကနေ မြို့ကို စတင် ထိုးစစ်ဆင် တိုက်ခိုက်လာတာကြောင့် ရှမ်းနီအမျိုးသားများတပ်မတော် SNA နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဒေသခံတွေကဆိုပါတယ်။ 

တိုက်ပွဲမှာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေရှိခဲ့ပြီး ပူးပေါင်းတပ်တွေဟာ မြို့အတွင်းကို လက်နက်ကြီး ၊ ရှော့တိုက်ဒုန်းတွေေနဲ့ ပစ်ခတ်မှုတွေကြောင့် အရပ်သား ၊  လမ်းမပေါ်နဲ့ နေအိမ်တွေကို ထိခိုက်မှုတွေရှိနေတယ်လို့ သိရပါတယ်။ 

မြို့ပေါ်က ပြည်သူတွေထိခိုက်တာရှိနေတယ်။ PDF တွေပစ်လိုက်တဲ့ ရှောတိုက်ဒုန်းတွေကြောင့် လက်နက်ကြီးတွေ မြို့အထွက်လယ်ကွင်းနဲ့ လမ်းတွေမှာ လာကျတာကြောင့် ထွက်လို့မရဘူး” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။ 

ထိခိုက်မှုစာရင်းနဲ့ ပျက်စီးတဲ့အခြေအနေတွေကိုတော့ ရှမ်းနီအသံက စုံစမ်းနေဆဲဖြစ်ပါတယ်။ 

ရှမ်းနီအသံရဲ့ နောက်ဆုံး စုံစမ်းရတဲ့အချက်အလက်အရ မြို့ခံတွေကို SNA က နေရာရွေ့ပြောင်းမှုတွေပြုလုပ်ပေးနေတယ်လို့လည်း သိရပါတယ်။ 

ဗန်းမောက်မြို့အနီးမှာ ထိတွေ့တိုက်ပွဲတွေဟာ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်တာကြောင့်  တိမ်းရှောင်ကြတဲ့ မြို့ခံတချို့ရှိနေသလို မြို့အတွင်းမှာပဲ ပိတ်မိနေတဲ့သူတွေလည်းရှိတယ်လို့ သိရပါတယ်။ 

စက်တင်ဘာလ ၁၅ ရက်နေ့ ကစပြီး  အင်းတော်-ဗန်းမောက်လမ်းပိုင်းအားလုံးကို အင်းတော်မြို့ ပကဖ က အကန့်အသတ်မရှိပိတ်လိုက်ပြီးနောက် တိုက်ပွဲတွေဟာ စတင်ဖြစ်ပွားလာခဲ့တာဖြစ်ပါတယ်။ 

PDF တပ်တွေက ဗန်းမောက်မြို့ကို မြို့သိမ်းတိုက်ပွဲအဖြစ် ဆင်နွှဲနေတယ်လို့လည်း သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *