1027 စစ်ဆင်ရေးနယ်မြေတွေရဲ့ ၁၁ ရာခိုင်နှုန်းကျော်ကိုသာ စစ်တပ်ပြန်သိမ်းထားနိုင်သေး 

နိုဝင်ဘာ ၁၃ ၊ လားရှိူး

၁၀၂၇ စစ်ဆင်ရေး နှစ်နှစ်ကျော်ကြာမြင့်လာချိန်အထိ ဆုံးရှုံးနယ်မြေတွေရဲ့ ၁၁.၃ ရာခိုင်နှုန်းကိုသာ စစ်တပ်က ပြန်လည်သိမ်းယူနိုင်သေးတယ်လို့ ISP Myanmar ရဲ့ စာတမ်းတစ်ခုက ဖော်ပြလာပါတယ်။ 

၁၀၂၇ စစ်ဆင်ရေးဟာ တရုတ်-မြန်မာနယ်စပ်ဒေသဖြစ်တဲ့ ရှမ်းမြောက်ပိုင်းရှိ မြို့တွေကို ညီနောင်မဟာမိတ်တွေနဲ့  PDF ပူးပေါင်းတပ်တွေက သိမ်းပိုက်ခဲ့တာပါ။ 

၀၂၅ ခုနှစ်အစမှာ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်ညှိနှိုင်းပေးမှုတွေကြောင့် လားရှိူးမြို့ကို စစ်တပ်က ပြန်လည်ရရှိခဲ့ပြီး  နှစ်ကုန်ပိုင်းမှာတော့ နောင်ချို ၊ ကျောက်မဲ ၊သီပေါ စတဲ့မြို့တွေကို ပြန်လည်သိမ်းပိုက်ခဲ့တာပါ။ 

ဆုံးရှုံးနယ်မြေတွေရဲ့ ၁၁ ရာခိုင်နှုန်းကျော်ကိုသာ ပြန်လည်သိမ်းပိုက်ခဲ့ပေမယ့် မန္တလေး-မူဆယ်ကုန်သွယ်ရေးလမ်းမရဲ့ ထက်ဝက်နီးပါးကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 

မူဆယ်-မန္တလေး လမ်းပိုင်းထဲက  နောင်ချို ၊ ကျောက်မဲ​, သီပေါ ၊ လားရှိူးအထိကို စစ်တပ်က ပြန်လည်ထိန်းချုပ်ထားပြီး သိိန္နီ ၊ ကွက်ခိုင် မြို့နယ်တွေကိုတော့ MNDAA နဲ့ TNLA တို့က ထိန်းချုပ်ထားဆဲဖြစ်ပါတယ်။ 

တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးနယ်မြေတွေဟာ ၁၀၂၇ စစ်ဆင်ရေး နဲ့ KIA+PDF ပူးပေါင်းတဲ့ စစ်ဆင်ရေးတွေအတွင်းမှာ စစ်တပ်က လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။ 

စစ်တပ်က လက်လွှတ်ခဲ့ရတဲ့မြို့နယ်တွေကို တရုတ်ရဲ့ကြားဝင်စေ့စပ်ညှိနှိုင်းပေးမှုတွေနဲ့အတူ လားရှိုးမြို့ကို MNDAA ထံကနေ ရရှိခဲ့သလို မိုးမိတ်မြို့နဲ့ မိုးကုတ်မြို့တွေကိုလည်း TNLA ထံကနေ ပြန်လည်ရယူခဲ့ပါတယ်။ 

သို့ပေမယ့် မိုးကုတ်မြို့ကိုတော့ PDF တပ်တွေက TNLA တပ်ပြန်ဆုတ်ချိန်မှာ မြို့ကို ထိန်းချုပ်ထားနိုင်ရေးအတွက် ပြင်ဆင်မှုတွေကို ဆက်တိုက်ပြုလုပ်နေဆဲဖြစ်ပါတယ်။ 

နယ်စပ်ကုန်သွယ်ရေး စခန်းတွေဖြစ်တဲ့ လွယ်ကျယ်ကုန်သွယ်ရေးစခန်းက KIA+PDF ပူးပေါင်းတပ်ထိန်းချုပ်ထားသလို ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းကိုလည်း MNDAA က ထိန်းချုပ်ထားတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *