




ဩဂုတ် ၆ ၊ ဗန်းမောက်
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး ဩဂုတ်လ ၅ ရက်နေ့မှာ တံတားနှစ်စင်းပျက်စီးခဲ့တယ်ို့ သိရပါတယ်။
ဗန်းမောက်မြို့နယ် အနောက်ဘက်ခြမ်းရှိ နမ့်ကျင်ချောင်းကို ဖြတ်သန်းဆောက်လုပ်ထားတဲ့ နမ့်ကျဥ်တံတား နှင့် နားနမ့်ထွန်တံတားတွေ ပျက်စီးခဲ့တာလို့ ဆိုပါတယ်။
“ တံတားတွေပျက်သွားလို့ရွာသားတွေအခက်အခဲဖြစ်သွားပြီ။ တစ်ဖက်မှာက စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်း။ငါတို့ရွာကတော့ အခက်အခဲကိုဖြစ်သွားပြီ။ တံတားမရှိခင်ကတော့ ကူးတို့လှေလေးနဲ့ ဟိုဘက်ဒီကူးသွားကူးလာ” လို့ ဒေသခံတစ်ဦးကဆိုပါတယ်။
တံတားရေထဲမျှောပါပျက်စီးသွားတာကြောင့် ကျောင်းသား/သူတွေအတွက် သွားလာရေးအခက်အခဲဖြစ်သွားတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ နားနမ့်ထွန် တံတားဟာ ဖြတ်သန်းသွားလာလို့မရတော့ဘဲ ဒီနေ့မှာ ပြုပြင်မှုတွေ စတင်လုပ်ဆောင်နေပြီဖြစ်တယ်လို့သိရပါတယ်။
နမ့်ကျင် တံတားနဲ့ နားနမ့်ထွန် တံတားကို ဒေသအတွင်းက ဒေသခံတွေနဲ့ ရှမ်းနီအမျိုးသားတပ်မ တော် SNA တပ်မဟာ ၆၁၄ က ပြန်လည်ပြီးပြင်ဆင်သွားမယ်လို့သိရပါတယ်။
ဒီတံတားတွေဟာ ဒေသခံတွေရဲ့ ကိုယ်ထူကိုယ်ထနဲ့ပြုလုပ်ခဲ့တဲ့ တံတားဖြစ်ပြီး SNA ကနောက်ပိုင်းမှာ ပြန်လည်ပြင်ဆင်ပေးခဲ့တာလည်းဖြစ်ပါတယ်။
နားနမ့်ထွန်တံတားဟာ ၂၀၂၅ ခုနှစ်လည်း ရေးကြီးရေလျှံမှုဖြစ်ပွားခဲ့တာကြောင့် တံတားပျက်စီးခဲ့ပြီး SNA တပ်မဟာ ၆၁၄ က ပြန်လည်ပြင်ဆင်ပေးခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းမှာ ဒီရက်ပိုင်း မိုးသည်းထန်နေပြီး ဟုမ္မလင်း၊ခန္တီး နဲ့ ဗန်းမောက်မြို့နယ်အတွင်းက မြစ်ချောင်းတွေဟာ ရေကြီးရေလျှံမှုတွေဖြစ်ပေါ်နေတာလည်းဖြစ်ပါတယ်။
