ဖေဖော်ဝါရီ ၁၆ ၊ ရန်ကုန်
နိုင်ငံတကာ တရားရုံး ICJ မှာ ကမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ်စွဲဆိုထားတဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှုတွေကို တရားရင်ဆိုင်ဖို့ NUG က ဥပဒေပညာရှင်အဖွဲ့ကို ဖေဖော်ဝါရီလ (၁၅) ရက်နေ့မှာ ကြေညာခဲ့ပါတယ်။
မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ် ဦးကျော်မိုးထွန်းကို ကိုယ်စားလှယ်အဖြစ် NUG ကခန့်အပ်ထားတာလည်းဖြစ်ပါတယ်။
တရားရင်ဆိုင်ဖို့ NUG က ဦးကျော်မိုးထွန်း နဲ့ နောက်ထပ် ဥပဒေပညာရှင် နှစ်ဦးဖြစ်တဲ့ ပါမောက္ခ မစ္စတာ ဂျွန်မာ့စ်သူဗီနင် နဲ့ စတီပင်ပေါလ် တို့ကို ခန့်အပ်ခဲ့ပါတယ်။
ပါမောက္ခ ဂျွန်မာ့စ်သူဗီနင် ကတော့ ICJ တရားရုံး ၊ ပင်လယ်ပြင်ဆိုင်ရာ နိုင်ငံတကာခုံရုံး ၊ အမြဲတန်းအနုညတ ခုံတမာဓိရုံး နဲ့ ဥပဒေဆိုင်ရာ တရားရုံးတွေမှာ ဥပဒေအကြံပေးနဲ့ ရှေ့နေအဖြစ် ၁၉၉၂ ခုနှစ်ကတည်းက လုပ်ကိုင်နေသူဖြစ်ပါတယ်။
နောက်တစ်ဦးဖြစ်တဲ့ စတီပင်ပေါလ်က နိုင်ငံတကာတရားရုံးတွေမှာ လူ့အခွင့်ရေး ၊ စစ်ရာဇဝတ်မှုတွေမှာ အထူးကျွမ်းကျင် တဲ့ရှေ့နေတစ်ဦးဖြစ်ပြီးတော့ နိုင်ငံတကာဥပဒေဆိုင်ရာ ထိပ်တန်းလက်တွေ့ကျမ်းတစ်စောင်ကို ရေးသားခဲ့သူလည်းဖြစ်ပါတယ်။
NUG က စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် မြေစာပင်ဖြစ်ရတဲ့ ဒုက္ခသည်တွေအတွက် တရားမျှတမှု ရရှိရေးက မိမိတို့ တာဝန်ဝတ္တရားဖြစ်တယ်လို့ အလေးအနက်ခံယူကြောင်းလည်းပြောဆိုပါတယ်။
ICJ မှာ တရားရင်ဆိုင်နေရတဲ့ တစ်ချိန်တည်းမှာပဲ စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်နေမှုတဲ့ အထောက်အထားတွေကို ဆက်လက်ရှာဖွေပြီးတော့ ICC မှာ စီရင်ပိုင်ခွင့်ရဖို့ လုပ်ဆောင်သွားမယ်လို့ NUG ယာယီသမ္မတက က ထုတ်ပြန်ခဲ့ပါတယ်။
ICJ မှာ တရားရုံးက မြန်မာ နဲ့ ကမ်ဘီယာအမှု ကြားနာပွဲကို လာမယ့် ဖေဖော်ဝါရီလ ၂၁ရက်နေ့ကနေ ၂၈ ရက်နေ့အထိ ပြုလုပ်သွားဖို့ ရှိနေပါတယ်။