KIA ဖမ်းဆီးခံရတဲ့ ရှမ်းနီအရေးတက်ကြွလှုပ်ရှားသူ၏ အမျိုးသမီးကို ပြန်လွှတ်ပေးမယ်လို့ဆို

ဇန်နဝါရီ ၂ ၊ မြစ်ကြီးနား 

မြစ်ကြီးနားမြို့မှာ ၂၀၂၆ နှစ်သစ်ကူးနေ့ မနက်ပိုင်းက စျေးဆိုင်အတွင်းကို KIA တပ်ဖွဲ့တွေကဝင်ရောက်ဖမ်းဆီးခဲ့တဲ့ ရှမ်းနီအရေးတက်ကြွလှုပ်ရှားသူလည်းဖြစ် ၊ လူငယ်ခေါင်းဆောင်လည်းဖြစ်သူ၏ အမျိုးသမီးကို  ပြန်လည်လွှတ်ပေးမယ်လို့ ဒေသခံသတင်းအရင်းအမြစ်တစ်ဦးက ရှမ်းနီအသံကို ပြောပါတယ်။ 

ဒီနေ့ညနေကို လွတ်ပေးခဲ့မယ်လို့တော့ပြောတယ်။ အခွန်ကိစ္စလို့ပဲပြောတယ်” လို့ ဒေသခံ သတင်းအရင်းအမြစ်တစ်ဦးကပြောပါတယ်။ 

ဒီဇင်ဘာလ ၃၁ ရက်နေ့ မနက်ပိုင်းမှာ လန်ခရူစာကားတစ်စီးနဲ့ KIA တပ်ဖွဲ့ဝင်အုပ်စုလိုက်က ရမ်ပူလမ်းသွယ် ၂၉ မှာရှိတဲ့ ရှမ်းရိုးရာအထည်ဆိုင်တွင်းကို ဝင်ရောက်ပြီး စိုင်းအောင်မျိုးကို ရိုက်နှက်ထိုးကြိတ်ထားပြီး  သူ့အမျိုးသမီးကို ကားပေါ်တင်သွားခဲ့တယ်လို့ဆိုပါတယ်။ 

ပီရေ​ကျွန်တော့်ကိုလည်း လက်သီးတွေနဲ့ထိုးကြိတ်သွားတယ်။   ကျွန်တော့်မိန်းမကိုလည်း လန်ခရူစာကားကြီးနဲ့ အုပ်လိုက်ကြီး တင်ခေါ်သွားတယ်”​လို့ ဖြစ်စဉ်အစမှာ စိုင်းအောင်မျိုးက ပြောပါတယ်။ 

စိုင်းအောင်မျိုးရဲ့ အမျိုးသမီးဟာ ပညာရေးဝန်ထမ်းဟောင်းတစ်ဦးဖြစ်ပြီး အိမ်ထောင်ကျပြီးနောက်မြစ်ကြီးနားမြို့မှာ အဝတ်အထည်ဆိုင်ဖွင့်လှစ်ရောင်းချနေသူတစ်ဦးလည်းဖြစ်ပါတယ်။ 

စိုင်းအောင်မျိုးကတော့ ယခင်က ကျားနီပါတီကနေ ရွေးကောက်ပွဲတွေမှာ လွတ်တော်ကိုယ်စားလှယ်လောင်းဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသူတစ်ဦးဖြစ်ပါတယ်။ 

၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ ကျားနီပါတီက ပါတီမှတ်ပုံပြန်တင်ချိန်မှာ  ပြန်လည်ပါဝင်ခြင်းမရှိတော့ဘဲ ရှမ်းနီလူငယ်အရေးတွေမှသာ ပါဝင်လုပ်ဆောင်နေသူလည်းဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *