ဦးမင်းအောင်လှိုင် လာအိုနိုင်ငံသို့ သွားရောက်မည် 

ဇွန် ၃၀၊ နေပြည်တော်

သမ္မတဦးမင်းလှိုင်ရဲ့ နိုင်ငံခြားတတိယခရီးစဉ်အဖြစ် လာအိုနိုင်ငံသို့ လာမယ့်ရက်ပိုင်းအတွင်း သွားရောက်ဖိို့ရှိနေတယ်လို့ လာအိုသတင်းဌာနများမှာ ဒီကနေ့ ဇွန် (၃၀) ရက်စွဲနဲ့ ဖော်ပြထားပါတယ်။

လာအိုနိုင်ငံသမ္မတ သွန်လွန်စီဆူလစ် (Thongloun Sisoulith)  ရဲ့ ဖိတ်ကြားချက်အရသွားရောက်မှာ ဖြစ်ပြီးနှစ်နိုင်ငံ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်ရေးကို ပိုမိုတိုးမြှင့်နိုင်ရေးအတွက်လို့ သိရပါတယ်။

နှစ်လကျော်ကာလအတွင်း ဦးမင်းအောင်လှိုင်ဟာ  တရုတ်၊ အိန္ဒိယ နိုင်ငံများသို့ ခရီးစဉ်များအပြီး ယခုတတိယမြောက်နိုင်ငံဖြစ်တဲ့ လာအိုကို သွားရောက်မှာလည်းဖြစ်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ကြေငြာချက်အရ နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး နှစ် (၇၀) ပြည့်အထိမ်းအမှတ်အဖြစ် သွားရောက်ခြင်းဖြစ်တယ်လို့လည်း ဆိုထားတာဖြစ်ပါတယ်။

နိုင်ငံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလုပ်ငန်းများနဲ့ ဒေသတွင်းပူးပေါင်းဆောင်ရွက်ရေးကဏ္ဍများကို ပိုမိုတိုးမြှင့်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးသွားမှာဖြစ်ကြောင်းကိုလည်း ထပ်လောင်းပြောဆိုထားတာပါ။

မြန်မာနဲ့ လာအိုနိုင်ငံတို့ဟာ ၁၉၅၅ ခုနှစ်ကစလို့ သံတမန်ဆက်ဆံရေးကိုစတင်တည်ထောင်ခဲ့တာဖြစ်ပြီး နှစ်နိုင်ငံဘက်ပေါင်းစုံဒေသဆိုင်ရာ မူဘောင်များမှတစ်ဆင့် နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်နေတာဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *