မတ် ၁၈ ၊ ရန်ကုန်
စစ်ကောင်စီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေအပါအဝင် ပါတီဝင် ခြောက်ရာကျော်ကို ဆက်လက်ဖမ်း ဆီးထားတယ်လို့ ဒီနေ့မှာ NLD ဗဟိုဘက်က ပြောဆိုလာပါတယ်။
ဒီလိုဖမ်းဆီးခံထားရသူတွေထဲမှာ လွတ်တော်ကိုယ်စားလှယ် အရေအတွက်က တစ်ရာကျော်ပါဝင်ပြီး ၁၄ ဦးကိုတော့ စစ်ကောင်စီက ပြန်လွတ်ပေးခဲ့တယ်လို့ဆိုပါတယ်။
မကွေးတိုင်းဒေသကြီးထဲက ပါတီဝင် တစ်ရာ့သုံးဆယ်ကျော် ၊ ရန်ကုန်တိုင်း ၊မန္တေလေးတိုင်းတို့မှာ ၇၀ ကျော်စီ ၊ နေပြည်တော်မှာ ၅၀ ကျော် ၊တနင်္ဿာရီတိုင်းမှာ ၆၀ ကျော်နဲ့ ကချင်ပြည်နယ်က ၆၂ ဦးတို့ ဖမ်းဆီးခံထားရတာပါ။
စစ်ကောင်စီရဲ့ စစ်ကြောရေးအတွင်းမှာ လွတ်တော်ကိုယ်စားလှယ်တစ်ဦးနဲ့ ပါတီဝင် (၁၅) ဦး သေဆုံးထားတယ်လို့ပြောပါတယ်။
ဒ့ါအပြင် လွတ်တော်ကိုယ်စားလှယ် ၉၅ ဦး အပါအဝင် ပါတီဝင် တစ်ရာ့ငါးဆယ်ကျော်ရဲ့ နေအိမ်နဲ့ပိုင်ဆိုင်မှုတွေကိုလည်း စစ်ကောင်စီက ချိတ်ပိတ်ခဲ့ပါတယ်။
ဒီလိုချိတ်ပိတ်ခံရမှုမှာ စစ်ကိုင်းတိုင်းထဲက လွတ်တော်ကိုယ်စားလှယ်တွေ အများဆုံးဖြစ်ပြီး ရန်ကုန် နဲ့ မကွေးတို့က ဒုတိယအများဆုံးဖြစ်ပါတယ်။
NLD ပါတီထိပ်ပိုင်းခေါင်းဆောင်တွေကို အဂတိမှု ၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု တွေနဲ့ တရားစွဲဆိုထားပြီး ပါတီဝင်အများစုကိုတော့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတွေနေ့ အရေးယူထားတယ်လို့ဆိုပါတယ်။
စစ်အာဏာသိမ်းထားတဲ့ တစ်နှစ်ကျော်အတွင်းမှု ပြည်သူစုစုပေါင်း တစ်သောင်းနှစ်ထောင်ကျော်ဖမ်းဆီးခံထားရပြီး ထောင့်ခြောက်ရာကျော်ညလ်း သေဆုံးထားတယ်လို့ နိုင်ငံရေးအကျည်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP က စာရင်းပြုစုထားမှုအရ သိရပါတယ်။