NUG က” ပြည်သူ့ရဲတပ်ဖွဲ့”ဖွဲ့စည်းကြောင်းကြေညာ

ဇွန်ရန်ကုန် 

စစ်ကောင်စီရဲ့ ပြည်သူတွေအပေါ် ကျူးလွန်တဲ့ အကြမ်းဖက်မှု ၊ ရာဇဝတ်မှု နဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အရေးယူနိုင်ဖို့အတွက်  “ ပြည်သူ့ရဲတပ်ဖွဲ့” ကို ဖွဲ့စည်းကြောင်း ဇွန်လ ၇ ရက်နေ့မှာ NUG က ကြေညာပါတယ်။ 

ဒါ့အပြင် ကြားကာလ တရားဥပဒေစိုးမိုးရေးကို ဖော်ဆောင်ဖို့၊ ဒုစရိုက်နဲ့ တရားဥပဒေမဲ့ ပြုကျင့်မှုတွေကိုတားဆီးနိုင်ဖို့ အပါအဝင် ပြည်သူလူထုယုံကြည်ရတဲ့ ရဲတပ်ဖွဲ့အဖြစ် စတင်ပုံဖော်ဖို့အတွက် ဖွဲ့စည်း တာဖြစ်တယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက လက်မှတ်ရေးထိုး ထုတ်ပြန်ပါတယ်။ 

ပြည်သူ့ရဲတပ်ဖွဲ့ရဲ့ လုပ်ငန်းတွေကို စတင်မည့်အချိန်နဲ့ ဘယ်ဒေသတွေမှာ စတင်အကောင်အထည်ဖော်မယ်ဆိုတာ ထည့်သွင်းဖော်ပြထားခြင်းမရှိပါဘူး။ 

ဧပြီလ အထိ NUG နဲ့ချိတ်ဆက်ထားတဲ့ CDM ရဲ ၂၉၃၇ ဦးရှိကြောင်း NUG ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ 

NUG ထုတ်ပြန်တဲ့ ရဲတပ်ဖွဲ့ CDM စာရင်းမှာ ရဲမှူး (၂) ဦး ၊ ဒုရဲမှူး (၁၂) ဦး ၊ ရဲအုပ် ( ၄၄) ဦး အထိပါဝင်ပြီး တခြား တပ်သားနှစ်ထောင်ကျော် ၊ အကျဉ်းဦးစီးဌာနကလည်း  (၃၀) ဦးထိပါဝင်နေတာကို တွေ့ရပါတယ်။ 

အာဏာသိမ်းပြီးတဲ့ CDM ပြုလုပ်လာတဲ့ ရဲအရေအတွက်က ၆ ထောင်ကနေ ၇ ထောင်ကြားမှာရှိတယ်လို့လည်း သိရပါတယ်။ 

၂၀၂၀ အထိ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖွဲ့စည်းပုံရဲ့ ၄၈ ရာခိုင်နှုန်းသာရှိပြီးစုစုပေါင်း အရေအတွက်အားဖြင့် ၈သောင်း၄ ထောင်ရှိတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ပြည်သူ့လွတ်တော်မှာ ပြောဆိုထားပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *