NUG ရဲ့ ငွေတိုက်စာချုပ်ပြန်လည်ရောင်းချတဲ့ နှစ်ပတ်အတွင်းမှာ ဒေါ် လာ ၃.၆ သိန်းအထိရောင်းချနိုင်ခဲ့တယ်လို့ စီမံကိန်း ၊ ဘဏ္ဍာရေး နဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက ဒီနေ့ ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
“ ပြည်သူတွေ အားထည့်ဝယ်ထားတဲ့ တစ်ကျပ်တစ်ပြားကစလို့ လုံးဝ အလဟသမဖြစ်သလို အလေအလွင့်အဆုံးအရှုံးလည်းမရှိဘူးဆိုတာ တော်လှန်ရေးသစ္စာနဲ့ ကျနော်တို့ လုံးဝ တာဝန်ယူ , တာဝန်ခံတယ်လို့ “ စီမံကိန်း ၊ ဘဏ္ဍာရး နဲ့ ရင်းနှီးမြှုပ်နှံမှု ဝန်ကြီး ဦးတင်ထွန်းနိုင်က ရေးသားထားပါတယ်။
ငွေတိုက်စာချုပ်ရောင်းချမှုတွေကို နိုဝင်ဘာလမှာ စတင်ခဲ့ပြီး တစ်ပတ်အတွင်း ဒေါ်လာ ၁၅ သန်းအထိရောင်းချခဲ့နိုင်ခဲ့တာလည်းဖြစ်ပါတယ်။
ငွေတိုက်စာချုပ်ရောင်းချမှုတွေကို ဒီဇင်ဘာလအတွင်းမှာ ရပ်နားထားခဲ့တာလည်းဖြစ်ပါတယ်။
ဒီငွေတိုက်စာချုပ်က နှစ်နှစ်သက်တမ်းရှိမှာဖြစ်ပြီးတော့ ကနဦးရောင်းချမှုမှာ ပြည်ပမှာနေထိုင်သူတွေကသာ အဓိကဝယ်ယူနိုင်ခဲ့တာပါ။
NUG ဆီကနေ ငွေတိုက်စာချုပ်တွေကို ကမ္ဘာနိုင်ငံပေါင်း (၄၀) ကိုရောက်ရှိနေကြသူတွေက PayPal ကနေဝယ်ယူခဲ့ကြတယ်လို့ဆိုပါတယ် ။
မြန်မာပြည်တွင်းအတွက် KIO ရဲ့ ငွေကြေးပို့ဆောင်တဲ့ လမ်းကြောင်းကနေ KPICT နဲ့ NUG တို့ပူးပေါင်းပြီး ရောင်းချမှုတွေရှိနေပါတယ်။