ဩဂုတ် ၁၅ ၊
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ရဲ့ ပြောရေးဆိုခွင့် တာဝန်ယူခဲ့ဖူးသူလည်းဖြစ်သလို RCSS/SSA ဥက္ကဌ စဝ်ရွက်ဆစ်ရဲ့ မြန်မာ-ရှမ်းဘာသာပြန် ဒုတိယ ဗိုလ်မှူးကြီး စိုင်းမိန်းကွယ်လွန်သွားတယ်လို့ RCSS/SSA ဘက်က အတည်ပြုပါတယ်။
ထိုင်းနိုင်ငံချင်းမိုင်ခရိုင် မယ်ရိန်မြို့နယ် နခွန်းဖင်းဆေးရုံမှာ အသည်းရောဂါနဲ့ ကွယ်လွန်သွားတာဖြစ်တယ်လို့ RCSS/SSA ဘက်က ဆိုပါတယ်။
သူကွယ်လွန်မှုအနေနဲ့ သူပါဝင်ဦးစီးခဲ့ဖူးတဲ့ RCSS/SSA ရဲ့ သတင်းဌာနတစ်ခုဖြစ်တဲ့ Tai Freedom Facebook စာမျက်နှာတွေကို အမည်းရောင်ပြောင်းပြီး ဝမ်းနည်းမှုကို ပြသထားပါတယ်။
RCSS/SSA အဖွဲ့ထဲကို ၂၀၀၀ ခုနှစ်မှာဝင်ရောက်ခဲ့ပြီး ၊ သတင်းနဲ့ ပြန်ကြားရေးတာဝန်ကိုတော့ ၂၀၁၀ ကတည်းက ဦးစီးတာဝန်ယူခဲ့သူတစ်ဦးဖြစ်ပါတယ်။
2011-2019 ခုနှစ်အထိ RCSS/SSA ဥက္ကဌ စဝ်ရွက်ဆစ်ကို ဘာသာပြန်လုပ်ပေးခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။
သူက RCSS/SSA ရဲ့ ငြိမ်းချမ်း၇ေးလုပ်ငန်းစဉ်တစ်လျှောက်မှာပါဝင်ခဲ့ဖူးသူဖြစ်သလို ၂၀၁၄ ကနေ ၂၀၁၇ ခုနှစ်အထိ RCSS/SSAရဲ့ CEC အဖွဲ့မှာပါဝင်ခဲ့တာလည်းဖြစ်ပါတယ်။
၁၉၈၀ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်မှာ ရှမ်းပြည်နယ်လဲချားမြို့နယ်မှာ မွေးဖွားခဲ့ကာ အသက် ၄၂နှစ်မှာ ကွယ်လွန်ခဲ့တာလည်းဖြစ်ပါတယ်။