SNA ရဲ့ တပ်မဟာသစ် 565 သင်တန်းဆင်းပွဲပြုလုပ် 

ဇန်နဝါရီ ၁၀ ၊ မြစ်ကြီးနား 

ကချင်ပြည်နယ် မိုးညှင်းခရိုင်အတွင်းကို အခြေပြုထားတဲ့ ရှမ်းနီအမျိုးသားများတပ်မတော် SNA က တပ်မဟာ ၅၆၅ ရဲ့ အပတ်စဉ် ၃ သင်တန်းဆင်းပွဲကို ဇန်နဝါရီလ ၈ ရက်နေ့မှာပြုလုပ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ 

သင်တန်းဆင်းပွဲနဲ့ ပတ်သက်ပြီးအသေးစိတ်အချက်အလက်တွေကိုတော့ မသိရှိရသေးပါဘူး။ 

မိုးညှင်းခရိုင်အတွင်း မိုးညှင်းမြို့ပေါ်ကိုပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အောက်တိုဘာလကုန်မှာ စစ်ရေးပြလှည့်လည်ခဲ့တဲ့ ဓာတ်ပုံတွေလည်းထွက်ပေါ်ခဲ့ပြီး SNA ကလည်း အတည်ပြုထားပါတယ်။ 

ရှမ်းနီအမျိုးသားများတပ်မတော် SNA ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၅ ရက်နေ့မှာ ၃၅ နှစ်ပြည့် (ကျောက်စိမ်းရတု) ခဲ့ပြီဖြစ် ပြီး လက်ရှိမှာ ရှမ်းနီဒေသအနှံ့အပြားမှာ ရှမ်းနီလူထုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေရှိနေပြီလို့ ထုတ်ပြောထားပါတယ်။

SNA ကို ၁၉၈၉ ခုနှစ်၊ ဇူလိုင်လ ၅ ရက်မှာ ကချင်ပြည်နယ် နဲ့ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းရှိ ရှမ်းနီလူငယ်တွေနဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပြီး လက်ရှိမှာ တပ်မဟာတွေအနေနဲ့ တပ်မဟာ ၉၇၂၊ တပ်မဟာ ၈၉၁၊ တပ်မဟာ ၇၅၃၊ တပ်မဟာ ၆၁၄ အပါအဝင် အသစ်ဖွဲ့စည်းလိုက်တဲ့ တပ်မဟာ ၅၆၅ တို့ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *