ဗင်နီဇွဲလားငလျင်မှာသေဆုံးသူ(၂၃၀)ကျော်ရှိလာပြီးဒဏ်ရာရရှိသူလေးထောင်ကျော်လာ

ဇွန်(၂၆)၊ဗင်နီဇွဲလား 

ဒီနေ့ ဇွန်(၂၆)ရက်နေ့ နေ့လည်ပိုင်းအထိ နောက်ဆုံးရရှိထားတဲ့ ဗင်နီဇွဲလားငလျင်မှာ သေဆုံးသူ(၂၃၅)ဦးခန့်အထိ ရှိလာပြီး ဒဏ်ရာရရှိသူ (၄၃၀၀)ကျော်အထိ သေဆုံးသူနဲ့ ဒဏ်ရာရရှိသူစာရင်းမြင့်တက်လာတယ်လို့ AI Jazeera သတင်းကဖော်ပြပါတယ်။ 

ဗုဒ္ဓဟူးနေ့ ညပိုင်းက တစ်မိနစ်အတွင်း ရက်ချက်တာစကေး  ၇.၂ နဲ့ ၇.၅  မက္ကနီကျူ့ပြင်းဟာရှိတဲ့ ငလျင်နှစ်ခုဟာ စက္ကန့်ပိုင်းသာခြားပြီး လှုပ်ခတ်ခဲ့တာဖြစ်ပြီး  အထိအခိုက်အများဆုံးပြည်နယ်က လာဂိုင်ရာ(La Guaira) ဖြစ်တယ်လို့ သိရပါတယ်။

ဒီသေဆုံးသူနဲ့ထိခိုက်ဒဏ်ရာရရှိသူ အသေအပျာက်အများဆုံးကလည်း မြောက်ဘက်ကန်းရိုးတန်းဒေသဖြစ်တဲ့ အဆိုပါပြည်နယ်ကဘဲ ဖြစ်ကြောင်း ဆိုထားပါတယ်။

ယာယီသမ္မတ ဒယ်လ်ဆီ ရိုဒရီဂွက်ဇ် (Delcy Rodriguez)က ငလျင်လှုပ်ခတ်ပြီးနောက် နိုင်ငံအတွင်း အရေးပေါ်အခြေအနေအဖြစ်ကြေညာထားပြီး အပြည်ပြည်ဆိုင်ရာလေဆိပ်ဖြစ်တဲ့  မြို့တော်ကာရာကက်စ်ရှိ ဆိုင်မွန်ဘိုလီဗာဆိပ် (Simon Bolivar International Airport) ကိုလည်း ပိတ်ထားလိုက်ပါတယ်။

ဗင်နီဇွဲလားနိုင်ငံရဲ့ ကျန်းမာရေးဝန်ကြီးက ဆေးရုံတွေမှာ လူနာတွေပြည့်နေတယ်လို့ပြောထားသလို  လာဂိုင်ရာပြည်နယ်မှာ အဆောက်အအုံ(၁၀၀)ကျော်နဲ့ မိသားစုပေါင်း (၇)သောင်းကျော်  ထိခိုက်နစ်နာခဲ့ရကြောင်းပြည်ထဲရေးဝန်ကြီးက ဆိုထားတာပါ။

 လူသားချင်းကူညီမှုအနေနဲ့ နိုင်ငံတကာက ကုလသမဂ္ဂ (UN)၊ UNICEF၊  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၊အမေရိကန်၊ ဘရာဇီး၊ကနေဒါနဲ့မက္ကဆီကိုတို့က ရှာဖွေကယ်ဆယ်ရေးအဖွဲ့များနဲ့ လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေ ပေးနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် အဆောက်အဦးတွေအတွင်းပိတ်မိနေသူများအား အမြန််ကယ်ဆယ်နိုင်ဖို့အတွက် အထူးကယ်ဆယ်ရေးအဖွဲ့များနဲ့ လေ့ကျင်းရေး(K9) ခွေးများကို အသုံးပြုထားကြောင်း ဆိုပါတယ်။

ဒီငလျင်ကြောင့် ဗင်နီဇွဲလားနိုင်ငံရဲ့  စီးပွားရေးထိခိုက်နိုင်ခြေ  (၇)ရာခိုင်နှုန်းအထိ ရှိနေပြီး ပျောက်ဆုံးနေသူလူဦးရေကလည်း (၅)သောင်းခန့် အထိရှိနေသလို ဒီလိုပျောက်ဆုံးနေသူများပြားနေတာကြောင့် သေဆုံးသူအရေအတွက်ဟာ (၁)သောင်းကျော်အထိ မြင့်တက်နိုင်ချေရှိတယ်လို့  အမေရိကန်ဘူမိဗေဒတိုင်းတာရေးအဖွဲ့ (USGS) က ခန့်မှန်းထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *