Wave Money ကငွေလွှဲ၊ငွေထုတ်ဖို့အတွက်မှတ်ပုံတင်ယူဆောင်ရမည် 

စက်တင်ဘာ၉၊ 

မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်တဲ့ Wave Money ကနေ ငွေလွဲ၊ ငွေထုတ်ဖို့အတွက် မှတ်ပုံတင်မဖြစ်မနေ ယူဆောင်လာရမယ်လို့ စက်တင်ဘာလ (၈)ရက်နေ့မှာ အသိပေးထုတ်ပြန်လာပါတယ်။ 

မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှု စည်းမျဉ်းစည်းကမ်းအရ ငွေလွှဲ၊ငွေထုတ် လုပ်ငန်းစဉ် ပိုမိုလုံခြုံစိတ်ချစေဖို့အတွက်လို့ ကုမ္ပဏီဘက်က ဆိုပါတယ်။ 

wave money ဆိုင်တွေမှာ ငွေလွှဲ၊ ငွေထုတ်တဲ့အခါမှာ အချက်အလက်အပြည့်အစုံကို ဖြည့်စွက်ဖို့ လိုအပ်ပြီး မှတ်တင်ကိုလည်း ပြရမယ်လို့ဆိုပါတယ်။​

“ ဒီနေ့မနက်ကတော့ မှတ်ပုံတင်မတောင်းသေးဘူး။ မသိသေးလို့နေမယ်။ ဒီအတိုင်းပဲလွှဲခဲ့လိုက်တာရပါတယ်” လို့ စက်တင်ဘာ ၉ ရက်နေ့မှာ ငွေလွှဲခဲ့သူတစ်ဦးက ပြောပြပါတယ်။ 

ငွေလွှဲတဲ့အခါမှာ ယခင်က ငွေလွှဲပို့သူက လျို့ဝှက်နံပါတ်ကို ကိုယ်တိုင်သတ်မှတ်တာဖြစ်ပြီး လက်ရှိက ကုမ္ပဏီဘက်က လျှို့ဝှက်နံပါတ်သတ်မှတ်ပေးပြီး မက်ဆေ့နဲ့အကြောင်းပြန်တာဖြစ်ပါတယ်။ 

စစ်ကောင်စီ​ဗဟိုဘဏ်က မိုဘိုင်းလ်ငွေလွဲဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်တဲ့ဆိုင်တွေမှာ စီစီတီဗီကင်မရာတပ်ဖို့ နဲ့ ငွေလွှဲငွေထုတ်သူတွေကို လျှို့ဝှက်ကင်မရာမှတ်တမ်းရရယူထားဖို့ ညွှန်ကြားထားပါတယ်။ 

ဒီလိုတင်းကြပ်မှုတွေက ကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာသတ်ဖြတ်မှုအရ ထုတ်ပြန်တာလို့ စစ်ကောင်စီကဆိုထားပါတယ်။ 

မြန်မာနိုင်ငံအတွင်းမှာ Wave Money ငွေလွှဲဝန်ဆောင်မှုဆိုင်ပေါင်းခြောင်သောင်းနှစ်ထောင်ကျော်ရှိပြီး သုံးစွဲသူ နှစ်ဆယ့်ငါးသန်းအထက်ရှိတယ်လို့ ကုမ္ပဏီဘက်က ပြောဆိုထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *