ထမံသီဒေသရှိ စာသင်ကျောင်းတချို့ ပညာရေးဝန်ထမ်းမရှိတာကြောင့် ကျောင်းများပိတ်ထားရ 

ဩဂုတ် ၂၅ ၊ ဟုမ္မလင်း

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်မြောက်ဘက်ခြမ်း ဒေသရှိ ထမံသီဒေသမှာ ပညာရေးဝန်ထမ်း ဆရာ/မများရွှေ့ပြောင်းမှုတွေများပြားနေပြီး နေရာလစ်လပ်မှုတွေ ရှိနေတာကြောင့် စာသင်ကျောင်းအချို့ သင်ကြားရေး ရပ်ဆိုင်းထားရတယ်လို့ ဒေသခံများထံမှ သိရှိရပါတယ်။

ထွက်ဝကျေးရွာအုပ်စုရှိ နမ့်သောင်ကျင်ကျေးရွာ၊နောင်ကန့်လန့်ကျေးရွာ နဲ့  ပင့်မာကျေးရွာအုပ်စု ဟွေနားကျေးရွာ (၃)ရွာတို့မှာ  ပညာရေးဝန်ထမ်းတွေ မလုံလောက်မှုတွေအပြင် ဝန်ထမ်းပြတ်လပ်မှုတွေပါရှိလာတာကြောင့် စာသင်ကျောင်းတွေ ပိတ်ထားရမှုနဲ့ဆိုင်းငံ့ထားရမှုတွေ ရှိလာနေတာလည်းဖြစ်ပါတယ် ။။ 

ဆရာမတွေက အလယ်တန်းရှိနေရဲ့သားနဲ့လယ်ပြတွေ တစ်ယောက်မှမရှိဘူး တစ်ချို့မူလတန်း KG ကနေပြီးမှ G-5အထိရှိတာကို ဆရာမ တစ်ယောက်ထဲရှိတယ် (၆)တန်းစလုံးကို သူတစ်ယောက်တည်းလိုက်ပြီး သင်ရတဲ့အခါကျတော့ သူလုံးဝမနိုင်တော့ဘူးဆိုတာကို ပြောတယ်ပေါ့နော် ရွာသားတွေကလည်း ငွေကြေးအခက်အခဲဖြစ်တဲ့အခါကျတော့ ဆရာဆရာမလည်းမငှားနိုင်ဘူး ဒီလိုအနေအထားတွေရှိတယ်ပေါ့”  ဟုထမံသီဒေသစိတ် ကျောင်းကော်မတီဝင်တစ်ဦးက အခုလိုပြောပြတာပါ။

ရွှေ့ပြောင်းခံရပြီးတဲ့ ပညာရေးဝန်ထမ်းတွေနေရာမှာ  ပြန်လည်ခန့်ထားခြင်းတွေမရှိဘဲ နေရာလစ်လပ်တာတွေများပြားလာပြီး  စာသင်ကျောင်းတစ်ခုလုံးမှာ ပညာရေးဝန်ထမ်းတစ်ဦးတည်းသာ တာဝန်ယူသင်ကြားဆောင်ရွက်နေရတာတွေဖြစ်ပေါ်နေမှုတွေလည်း ကြုံတွေ့နေရကြောင်း သိရပါတယ်။

 ဒီကျေးရွာ သုံးရွာစုစုပေါင်းမှာ ကျောင်းသူ/ကျောင်းသား ဦးရေ ရာချီရှိနေတာလည်း ဖြစ်ပါတယ်။ 

ယခုလို ပညာရေးဝန်ထမ်း ရှားပါးနေတဲ့အခြေအနေကို ကျေးရွာများမှ ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဖြေရှင်းသင်ကြားနေမှုတွေ တတ်နိုင်သမျှဆောင်ရွက်မှုတွေရှိသော်လည်း  လုံလောက်မှုတွေမရှိနေဘူးဟု သိရပါတယ်။

ထမံသီဒေသအတွင်းမှာ  ရှမ်းနီတိုင်းရင်းသားတို့ အများစုနေထိုင်ပြီး ချင်းနှင့် နာဂတိုင်းရင်းသားတွေလည်း နေထိုင်ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *