ကိုဗစ်ကူးစက်မှုစက်တင်ဘာလ ( ၄ ) ရက်အတွင်းသုံးရာကျော်ထိရှိကူးစက်ထားပြီးပြည်တွင်းကူးစက်မှုအမြင့်ဆုံးဖြစ်နေ 

ဟုမ္မလင်းမြို့ Covid19 ပိုးစစ်ဆေးနေစဉ်

စက်တင်ဘာလ ၁ ရက်နေ့ကနေ ၄ ရက်နေ့အထိ Covid19 ရောဂါပိုး လူဦးရေ ၃၃၈ ဦးအထိကူးစက်ခဲ့ပြီး ပြည်တွင်းကူးစက်မှုက ၉၂ ရာခိုင်နှုန်းခန့်ရှိတယ်လို့ စေစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။ 

ကူးစက်မှု ၃၃၈ ဦးထဲမှာ ပြည်တွင်း ကူးစက်မှုက  ၃၁၈ ဦးအထိရှိနေတာတယ်လို့ နေ့စဉ်ထုတ်ပြန်မှုတွေအရ သိရပါတယ်။ 

Covid19 ကူးစက်မှုတွေက  စက်တင်ဘာလဆန်းမှာ ရန်ကုန်တိုင်းဒေသကြီးမှာ အများဆုံးဖြစ်ပြီး တိုင်းနဲ့ ပြည်နယ်တချို့မှာ အနည်းအကျဉ်း ပြည်တွင်းကူးစက်မှုတွေတွေ့ရှိရကြောင်း ဆိုပါတယ်။ 

မြန်မာပြည်တွင်း Covid19 ကူးစက်မှုတွေက ဩဂုတ်လထဲမှာ ရုတ်တရက်မြင့်တက်လာပြီး တစ်လအတွင်းကူးစက်သူ တစ်ထောင်ကျော်နဲ့ သေဆုံးသူ သုံးဦးအထိရှိခဲ့တာလည်းဖြစ်ပါတယ်။ 

Covid19 ကူးစက်မှုတွေ ပြည်တွင်းမှာ အစုလိုက်ကူးစက်မှုတွေကို တွေ့ရှိနေရတာကြောင့် ကာကွယ်ဆေးနဲ့  ထပ်ဆောင်းအပိုကာကွယ်ဆေးထိုးဖို့ကိုလည်း စစ်ကောင်စီကျန်းမာရေးဌာနက နေ့စဉ်တိုက်တွန်းနေပါတယ်။ 

မြန်မာနိုင်ငံမှာ ကာကွယ်ဆေးထိုးနှံပြီးသူ ၃၆ သန်းကျော်အထိ ထိုးနှံထားပြီးပြီလို့လည်း ထုတ်ပြန်ထားပါတယ်။ 

မြန်မာနိုင်ငံအတွင်းမှာ Covid19 ရောဂါပိုးရဲ့ မျိုးကွဲဖြစ်တဲ့ အိုမီခရွှန် နဲ့ သူ့ရဲ့ မျိုးရိုးဗီဇပြောင်း ပိုးသစ်အားလုံးနီးပါးတွေ့ရှိထားပြီး အစုလိုက်ကူးစက်မှုတွေလည်း ရှိလာနေတယ်လို့ သိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *