ခန္တီးမြို့နယ်မှာ ၂၀၂၂ခုနှစ်အတွင်းလက်နက်နှင့်ဖမ်းဆီးရမိသူ (၇) ဦးကို  ထောင်ဒဏ်  (၁၂) စီချမှတ် 

ဇူလိုင်၃၀ခန္တီး 

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ခန္တီးမြို့နယ်အတွင်းမှာ ၂၀၂၂ ခုနှစ်က လက်နက်ခဲယမ်းတွေနဲ့ ဖမ်းဆီးမိသူ (၇) ဦးကို ထောင်ဒဏ် ၁၂ နှစ်စီ ချမှတ်လိုက်တယ်လို့ ခန္တီးမြို့နယ်တရားရုံးနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။ 

၂၀၂၂ ခုနှစ်အတွင်းမှာ ဖမ်းဆီးမိတဲ့သူတွေကို အကြမ်းဖက်မှုဥပဒေပုဒ်မ ၄၉(က) နဲ့ တရားစွဲဆိုပြီး အလုပ်နှင့် ထောင်ဒဏ် ၁၂ နှစ်စီ ချမှတ်ခံရတာလည်းဖြစ်ပါတယ်။ 

ခန္တီးမြို့ ပေါ်မိုင်းရပ်ကွက်မှာ ၂၀၂၂  ခုနှစ် ဇွန်လ ၂၄ ရက်က ပစ္စတိုသေနတ်နဲ့အတူ ဖမ်းဆီးခံရတဲ့ ဟုမ္မလင်းမြို့ ခဲနန်းကျေးရွာသား မောင်တင်စိုး ၊  အရာတော်မြို့နယ် လှည်းကျောင်းကူးကျေးရွာက ကိုဟိန်းစိုးအောင် နဲ့ အရာတော်မြို့နယ် ကမ်းဖြူရွာနေ မအေးမြင့်မိုရ် တို့ကို ပုဒ်မ ၄၉ (က) အရ  အလုပ်နှင့်ထောင်ဒဏ် ၁၂ နဲ့ ပုဒ်မ ၅၂ (က) အရ ထောင်ဒဏ် (၃) နှစ် တို့ကို သီးခြားစီကျခံရမယ်လို့ဆိုပါတယ်။ 

ဒါ့အပြင် ၎င်းတို့နဲ့ ဆက်စပ်ပြီး  ၂၀၂၂ ခုနှစ် ဇွန်လ ၂၅ ရက်နေ့တွင် လက်နက်နက်ရောင်း/ဝယ်သယ်ယူပေးတယ်ဆိုတဲ့ စက်လှေတစ်စီးကို ခန္တီးမြို့နယ် ဆင်သေကျေးရွာအနီးမှာ ဖမ်းဆီးခဲ့ပါတယ်။ 

ဖမ်းဆီးစဉ်က စက်လှေကိုယ်စားလှယ်တစ်ဦးအပါအဝင် လေးဦးဖမ်းဆီးခံရပြီး ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့က တရားရုံးက အမိန့်ချရာမှာ စက်လှေကိုယ်စားလှယ်က ပါဝင်ခြင်းမရှိပေ။ 

စက်လှေပေါ်ပါလာသူ   ဟုမ္မလင်းမြို့နယ်က ကိုကျော်ဌေးဦး အပါအဝင် သုံးဦးကို  အကြမ်းဖက်မှုဥပဒေပုဒ်မ ၄၉(က)အရ ထောင်ဒဏ် (၁၂) နှစ်စီချမှတ်ခဲ့တာလည်းဖြစ်ပါတယ်။ 

ခန္တီးမြို့မှာ အကြမ်းဖက်မှု ဥပဒေပုဒ်မ နဲ့ ဖမ်းဆီးတရားစွဲဆိုခံရသူ ၂၀ ဦးထက်မနည်းရှိနေကြောင်း သိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *