ခမ်းပတ်မြို့ကနန်ကျေးရွာလေကြောင်းမှတိုက်ခိုက်ခံရဖြစ်စဉ်အရေးယူနိုင်သည်အထိလုပ်ဆောင်မည်လို့ဆို 

ဇန်နဝါရီ ၁၀ ၊ ခမ်းပတ် 

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ် ကနန်ကျေးရွာကို လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် ကလေးငယ်နှင့် အရပ်သား (၁၇) ဦးအထိသေဆုံးကြောင်း NUG က မနေ့က ဇန်နဝါရီလ ၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ 

ကနန်းကျးရွာဟာ PDF များနှင့် တိုင်းရင်းသားမဟာမိတ်တပ်များပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ထားတဲ့ ခမ်းပတ်မြို့နှင့် တစ်မိုင်ဝန်းကျင်အကွာမှာ ရှိတဲ့ ကျေးရွာလည်းဖြစ်ပါတယ်။ 

လွန်ခဲ့တဲ့ ဇန်နဝါရီလ ၇ ရက်နေ့ နံနက်ပိုင်းအချိန်က ကနန်ကျေးရွာ အရပ်သားနေအိမ်များနှင့် စာသင်ကျောင်းပေါ်  စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ခံရတာဖြစ်တယ်လို့ NUG ကဆိုပါတယ်။ 

သေဆုံးသူတွေထဲမှာ အသက် ၅ နှစ်မှ ၁၇ နှစ်အောက်အရွယ် ၉ ဦးပါဝင်နေပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၉ ဦးအထိ ရှိနေတာလည်းဖြစ်ပါတယ်။ 

အခုလို စစ်ကောင်စီရဲ့ လေကြောင်းမှ တိုက်ခိုက်မှုမှာ ပါဝင်တဲ့ အမိန့်ပေးစေခိုင်းသူ ၊ကျူးလွန်သူ ၊ အားပေးအားမြောက်လုပ်သူတွေကို ပြည်တွင်း တရားစီရင်ရေးနဲ့ ဖမ်းဆီးအရေးယူသွားဖို့ လုပ်ဆောင်သွားမယ်လို့ တစ်ပါးတည်းထုတ်ပြန်ပါတယ်။ 

စစ်ကောင်စီက ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် နဲ့ အာဆီယံ ဘုံသဘောတူညီချက် တွေကို လေးစားလိုက်နာခြင်းလုံးဝမရှိတဲ့ စစ်ဘက်အရပ်ဘက်ဆိုင်ရာ ဥပဒေ နဲ့ သဘောတူညီချက် စာချုပ်တွေကို ချိုးဖောက်နေတယ်လို့ NUG က ဆိုပါတယ်။ 

ဒါ့အပြင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာ့အရေးဆုံးဖြတ်ချက် ၂၆၆၉  ရဲ့နောက်ဆက်တွဲအနေနဲ့  စီးပွားရေးပိတ်ဆို့မှုများ၊ လေယာဉ်ဆီ နဲ့ လက်နက်ခဲယမ်းတင်ပို့မှု ပိတ်ဆို့ရေးစတဲ့ ဆုံးဖြတ်ချက်အသစ်တွေပေါ်လာဖို့ ဝိုင်းဝန်းလုပ်ဆောင်ပေးဖို့ ပြောဆိုထားပါတယ်။ 

မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်ရေး (MPM) ရဲ့ စာရင်းတွေအရ  ၂၀၂၃ ခုနှစ်အတွင်းမှာ စစ်ကိုင်းတိုင်းက ရက်ပေါင်း ၁၃၄ ရက်နီးပါး လေကြောင်း တိုက်ခိုက်ခံခဲ့ရပြီး အများဆုံးမှတ်တမ်းတင်ခဲ့တာလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *