စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း  ဟုမ္မလင်းဒေသမှာသင်္ကြန်ကာလအလွန်ဆန်ဈေးတွေပြန်လည်မြင့်တက်လာနေ

ဧပြီ ၂၈ ၊ ဟုမ္မလင်း 

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း  ဟုမ္မလင်းဒေသမှာ သင်္ကြန်ကာလအလွန် ဆန်ဈေးနှုန်းများ ပြန်လည်မြင့်တက်လာနေပါတယ်လို့ စုံစမ်းသိရှိရပါတယ်။

ကုန်ဈေးနှုန်းတွေကပြန်မြင့်လာတယ်  သင်္ကြန်မတိုင်ခင်တည်းကတစ်ရစ်ရစ်မြင့်နေတာကျဖို့အလားလာမမြင်ဘူး၊နမ့်တောထဲမှာပေါဆန်းမွှေးကိုတစ်ပြည်၅၀၀၀ပေးဝယ်ခဲ့ရတယ်လို့ဟုမ္မလင်းမြို့နယ်ဒေသခံတစ်ဦးကပြောပါတယ်။ 

ဟုမ္မလင်းမြို့နယ်မှာ စားသုံးမှုများသည့်   ချင်းတုံးဆန်အမျိုးအစား ၂၄ ပြည်ကို ခုနှစ်သောင်းဝန်းကျင်ထိမြင့်တက်လာခဲ့တာလည်းဖြစ်ပါတယ်။ 

ဟုမ္မလင်းမြို့နယ်အတွင်းကို မြို့ချင်းဆက်နေတဲ့ ပင်လည်ဘူး၊  ကောလင်း၊ ဝန်းသို မြို့နယ်များမှ အများဆုံးတင်ပို့နေတာဖြစ်ပြီး တိုးများလာတဲ့  စစ်ဆေးရေးဂိတ်များ၊ လမ်းပန်းဆက်သွယ်ရေးအခက်အခဲများကြောင့် စျေးနှုန်းမြင့်တက်လာရတာဖြစ်တယ်လို့ ဟုမ္မလင်းမြို့ခံ ကုန်သည်တွေက ဆိုကြပါတယ်။ 

ပင်လည်ဘူး ၊ ကောလင်း၊ ဝန်းသို နှင့် အင်းတော်မြို့နယ်တွေဘက်တွေမှာတော့ ချင်းသုံးဆန်ဈေးက ၂၄ ပြည်တစ်အိတ်ကို ကနေ သုံးသောင်းကျပ် ဝန်းကျင်သာရှိကြောင်းသိရပါတယ်။ 

ဆန်ဈေးများပြန်လည်မြင့်တက်လာသလို ဝယ်ယူစားသုံးသူတွေလဲ ဈေးကြီးပေးဝယ်စားနေရပေမယ့် ဒေသခံစပါးစိုက်တောင်သူတွေက အကျိုးမြတ်သိပ်မရကြဘူးလို့လဲ သိရပါတယ်။

စိုက်ပျိုးချိန်က မြေဪဇာဈေးနှုန်းကြီးမြင့်မှု စက်သုံးဆီဈေးကြီးမြင့်နေမှုတွေကြောင့် ကုန်ကျစရိတ်များခဲ့သလောက် နိုင်ငံရေးပြဿနာတွေနဲ့ လမ်းပန်းဆက်သွယ်ရေး အခက်ခဲများကြောင့် ဆန်ဈေးကွာဟမှုတွေ ရှိနေတယ်လို့ ဟုမ္မလင်းဆန်ကုန်သည်ဒေသခံတစ်ဦးကဆိုပါတယ်။ 

ဟုမ္မလင်းမြို့နယ်အတွင်းမှာ  ဆန်စားသုံးမှု တစ်နှစ် တင်းပေါင်း သုံးသန်းကျော်ရှိတယ်လို့ အုပ်ချုပ်ရေးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *