စစ်ကိုင်းတိုင်း၌ဇွန်လအတွင်းတစ်ဘီလီယံကျော်တန်ဘိုးရှိ  ဘိန်းဖြူနှင့်စိတ်ကြွဆေးပြားများဖမ်းဆီးရမိ

ဇွန် ၂၈ ၊ စစ်ကိုင်း

စစ်ကိုင်းတိုင်းဒေသကြီး အတွင်းမှာ ဇွန်လအတွင်း မြန်မာကျပ်ငွေ တစ်ဘီလီယံကျော်တန်ဘိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ CCDAC Myanmar ၏ ထုတ်ပြန်ချက်များအရ သိရသည်။

အများဆုံး ပမာဏအနေနဲ့ ဇွန်လ ၁၄ ရက်နေ့က မုံရွာမြို့မှ ဟုမ္မလင်းမြို့သို့တင်ပို့မည့် ဘိန်းဖြူ ၂၁.၇၈ ကီလို မြန်မာကျပ်ငွေတန်ဘိုး ၁ ဘီလီယံကျော်ဘိုးကို ဖမ်းဆီးရမိခဲ့ပြီးတာလည်းဖြစ်ပါတယ်။

ဟုမ္မလင်းမြို့မှာ ရွှေမှော်တွေမှာသာမက ကျေးရွာအတွင်းတွေမှာ မူးယစ်ဆေးဝါးသုံးစွဲမှု လူငယ်တွေကြားမှာမြင့်တက်နေတယ်လို့လည်း ဒေသခံတွေဆီကနေသိရပါတယ်။ 

ထို့အတူ တမူး ရွှေဘို နှင့် မုံရွာမြို့များတွင် ဇွန်လအတွင်း  ဖမ်းဆီးရမိခဲ့သော စိတ်ကြွဆေးပြား တန်ဘိုးမှာလည်း ကျပ်သိန်းပေါင်း ၁၃၅၅ သိန်းကျော် တန်ဘိုးရှိကြောင်းသိရပါတယ်။ 

ဇွန်လ ၂၆ ရက်နေ့က အပြည်ပြည် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အဖြစ် ရန်ကုန်နှင့် မန္တလေးမြို့များတွင် ဖမ်းဆီးရမိထားသော မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ 

စစ်ကောင်စီက တစ်နိူင်ငံလုံး အတိုင်းအတာဖြင့် အဲ့နေ့မှာ ဖျက်ဆီးခဲ့သော မူးယစ်ဆေးဝါးတန်ဘိုးမှာ မြန်မာကျပ် ၁၁၉၀ ဘီလီယံနီးပါး ( အမေရိကန်ဒေါ်လာ သန်းပေါင်း ၆၄၀ ကျော်) ရှိကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *