စစ်ကိုင်းဖိုရမ်တွင် “ တိုင်းအတိုင်ပင်ခံကောင်စီ” တည်ဆောက်ဖို့သဘောထားစုစည်းမှုရရှိခဲ့ 

ဇွန် ၁ ၊ စစ်ကိုင်း

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တော်လှန်ရေးအင်အားစုများ၏ ပထမဆုံးအကြိမ်ဖိုရမ်ကို မေလကုန်မှာ ၂ ရက်တာ ကျင်းပပြုလုပ်ခဲ့ပြီး “ တိုင်းအတိုင်ပင်ခံကောင်စီ”  တည်ဆောက်ဖို့  သဘောထားစုစည်းနိုင်ခဲ့တယ်လို့ ထုတ်ပြန်ကြေညာပါတယ်။ 

“ တိုင်းအတိုင်ပင်ခံကောင်စီ” ဒါမှမဟုတ် အစုအဖွဲ့တစ်ခုတည်ဆောက်ပြီး စစ်အာဏာရှင်နှင့် အာဏာရှင်စနစ်အားလုံးအပြီးတိုင်ချုပ်ငြိမ်းရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ထွန်းရေးကို ဖော်ဆောင်ဖို့ ရည်မှန်းကြောင်း သဘောထားစုစည်းချက်တွေရရှိခဲ့တယ်လို့ဆိုပါတယ်။ 

ဖိုရမ်ကနေ တိုင်းအဆင့် အရေးတကြီးလိုအပ်နေတဲ့ နိုင်ငံရေး ရှေ့လုပ်ငန်းစဉ် (၄) ရပ်ကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။ 

ရှေ့လုပ်ငန်းစဉ် (၄)ချက်က  အသွင်ကူးပြောင်းရေးကာလစီမံချက်များပေါ်ပေါက်ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်မူဝါဒများရေးဆွဲရေး၊ အုပ်ချုပ်ရေးနှင့် စစ်ရေးအဖွဲ့ကြား အပြန်အလှန်ထိန်းကြောင်းနိုင်ရေး နှင့် ဒေသတွင်း PDF များ စုစည်းအားကောင်းနိုင်ရေးတို့ဖြစ်တယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။ 

စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ် (၂၈) မြို့နယ်အတွင်းအခြေစိုက်သည့် တော်လှန်ရေးအဖွဲ့အစည်း (၁၇၃) ဖွဲ့ နဲ့ လေ့လာသူ (၃၁) ဦး က ဒီဖိုရမ်ကို  ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ 

ဖိုရမ်မှာ ကဏ္ဍလေးရပ်ကိုဆွေးနွေးခဲ့ကြပြီး နိုင်ငံရေး၊ စစ်ရေး၊ ဒေန္တရအုပ်ချုပ်ရေး၊ အထွေထွေ သပိတ်၊ CDM ၊ သယံဇာတ နှင့် စစ်ဘေးရှောင်ကူညီကယ်ဆယ်ရေးစတဲ့ ကဏ္ဍတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ညီလာခံထုတ်ပြန်ချက်မှာ ပြောဆိုပါတယ်။ 

စစ်ကိုင်းဖိုရမ်နှင့်ပတ်သက်ပြီး ကရင်အမျိုးအသားအစည်းအရုံး KNU အပါအဝင် တခြားသော လက်နက်ကိုင်တော်လှန်ရေးအင်အားစုများကလည်း   ဖက်ဒရယ်ယူနစ်တစ်ခုဖြစ်ပေါ်ဖို့ မျှော်လင့်ကြောင်း သဝဏ်လွှာပေးပို့ထားကြပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *