စစ်ကိုင်း-မန္တလေး ဧရာဝတီမြစ်ကူးတံတားအနီးပစ်ခတ်မှု PDF နှစ်ဦး နှင့် အရပ်သားနှစ်ဦးသေဆုံး 

စစ်ကောင်စီတပ်ဘက်က ပစ်ခတ်ခဲ့သည့် အာကာသယာဉ်လိုင်းကားကိုတွေ့ရစဉ် Photo/Facebook

ဩဂုတ် ၁၇ ၊ စစ််ကိုင်း

စစ်ကိုင်း- မန္တလေး ဧရာဝတီမြစ်ကူးတံတားအနီးမှာ ဩဂုတ်လ ၁၇ ရက်နေ့ မနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး PDF နှစ်ဦးနဲ့ အရပ်သားနှစ်ဦးသေဆုံးခဲ့တယ်လို့  နှစ်ဖက်လုံးက သတင်းထုတ်ပြန်ပါတယ်။ 

ရန်ကုန်-မုံရွာပြေးဆွဲနေတဲ့ အာကာသ ခရီးသည်တင်ယာဉ်လိုင်းကားပေါ်မှာ လိုက်ပါလာတဲ့ PDF တွေနဲ့  တံတားအနီးက စစ်ဆေးရေးဂိတ်မှာရှိနေတဲ့  စစ်ကောင်စီတပ်တို့ကြား ပစ်ခတ်မှုဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။ 

“ PDF အဖွဲ့ဝင်တွေကို တိကျစွာ ချိန်ရွယ်ပစ်ခတ်ဖမ်းဆီးခဲ့ပါတယ် ဒါ့ကြောင့် PDF အဖွဲ့ဝင် ၂ ယောက်ကို အသေဖမ်းဆီးရမိပြီး ၁ ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့သလို ပစ္စတို ၃ လက်ကိုလည်းသိမ်းဆည်းရမိခဲ့ပါတယ်” လို့ စစ်ကောင်စီပြန်ကြားရေး ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုပါတယ််။ 

စစ်ကောင်စီဘက်က နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ 

ဒီလိုပစ်ခတ်မှုတွေကြောင့် အရပ်သား အမျိုးသားတစ်ဦး သေဆုံးသလို အမျိုးသမီးတစ်ဦးလည်း ညာဘက်ခြေသလုံးကျည််ထိမှန်ဒဏ်ရာနဲ့ သေဆုံးတယ်လို့ ဆိုပါတယ်။ 

ကားပေါ်မှာပါလာတဲ့ ခရီးသည်တွေထဲက ခရီးသည်ငါးဦးလည်း မစိုးရိမ်ရတဲ့ ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။ 

ပစ်ခတ်မှုတွေကြောင့် ဧရာဝတီမြစ်ကူးတံတားကို ခတ္တပိတ်ထားပြီး နေ့လည်ပိုင်းမှာ ပြန်ဖွင့်ပေးခဲ့တယ်လို့ သိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *