စစ်ကောင်စီက လျှပ်စစ်မီတာခများကို ထပ်မံတိုးကောက်မည်လို့ ကြေညာ


——————
ဩဂုတ် ၃၀ ၊ ရန်ကုန်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန (MOEP) က လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေကို တိုးချဲ့ပြုပြင်မှုတွေပြုလုပ်ခဲ့ပြီး စက်ရုံတွေရဲ့ကုန်ကျမှုစရိတ်လည်း မြင့်မားလာတာကြောင့် မီတာခများအားတို့မြှင့်ကောက်ခံသွားမယ်လို့ ဒီနေ့သြဂုတ်လ(၃၀)ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။


အိမ်သုံးလျှပ်စစ်မီတာဓာတ်အားခကို ယခင်က ယူနစ်(၂၀၁)နဲ့အထက်ကို ကျပ်(၁၂၅)အထိသာ အမြင့်ဆုံးကောက်ခံခဲ့တာဖြစ်ပြီး ယခု (၂၀၂၄) စက်တင်ဘာလကနေစကာ အမြင့်ဆုံး(၃၀၀)ကျပ်အထိသတ်မှတ်လိုက်တာကြောင့် (၁၇၅)ကျပ်တိုးမြှင့်လိုက်တာလည်း ဖြစ်ပါတယ်။
အိမ်သုံးမဟုတ်တဲ့ အဆောက်အဦးတွေနဲ့ စီးပွားရေးလုပ်ငန်းကြီးများ သုံးတဲ့ဓာတ်အားတွေကိုတော့ ယခင် ယူနစ်(၁၀၀၀၁)နဲ့အထက် ကျပ်(၁၈၀)ကနေ ယခု ယူနစ်(၂၀၀၀၁)အထက်ကို ကျပ်(၅၀၀)အထိ တိုးမြှင့်လိုက်ပါတယ်။
ပြင်ဆင်သတ်မှတ်လိုက်သောနှုန်းထားတွေက အိမ်သုံးမီတာခ (၁)ယူနစ်ကနေ (၅၀)ယူနစ်အထိက (၅၀)ကျပ်၊ (၅၁)ကနေ (၁၀၀) ယူနစ်အထိက (၁၀၀)ကျပ်၊ (၁၀၁)ကနေ (၂၀၀)ယူနစ်အထိက (၁၅၀)ကျပ်နဲ့ (၂၀၁)ယူနစ်နဲ့အထက်ကို (၃၀၀)ကျပ် ဖြစ်ပါတယ်။
အိမ်သုံးမီတာ ယူနစ်တွေဟာ ဟာ နှစ်ဆနီးပါးအထိစျေးမြင့်လာတယ်လို့ ဆိုနိုင်ပါတယ်။

“ တိုးကောက်တာက သူတို့ဘာအဆင်မပြေမှန်းတော့မသိဘူး ဒီပရောဂျက်(တိုးကောက်ရေးအစီအစဉ်) ကကြာပြီလေ စီစဉ်နေတာကကြာပြီ အခုမှကောက်လာတာ” လို့ လျှပ်စစ်ဌာန နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

၂၀၁၉ခုနှစ် နှစ်ဝက်ကနေ ၂၀၂၄ ခုနှစ်နှစ်ဝက်အထိ ငါးနှစ်နီးပါးအကြာမှာ လျှပ်စစ်မီတာခတွေကို (၂)ရာခိုင်နူန်းနီးပါး တိုးမြှင့်ပြောင်းလဲလိုက်တာဖြစ်ပြီး ပြည်သူတွေအတွက် ဒီ့ထက်တည်ငြိမ်သော လျှပ်စစ်ဓာတ်အား ပိုမိုထုတ်လုပ်ပေးနိုင်အောင် တိုးမြှင့်ခဲ့တာဖြစ်တယ်လို့လည်း ပြောဆိုထားပါတယ်။

သို့ပမယ့်် မြန်မာနိုင်ငံသူ/သားတွေက လျှပ်စစ်မီးကို အချိန်အကန့်အသတ်တွေနဲသာ ရရှိနေပြီး မကြာခဏပြတ်တောက်မှုတွေနဲ့ ကြုံနေကြရပါတယ်။

စစ်ကောင်စီရဲ့ လျှပ််စစ်စွမ်းအားဝန်ကြီးဌာနစာရင်းအရ ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှု ထက်ဝက်ကျော်လျော့ကျလာခဲ့ပြီး လူထုရဲ့လျှပ်စစ် လိုအပ်ချက်ရဲ့ ၅၀ ရာခိုင်နှုန်းကိုသာ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေက ထုတ်လုပ်နိုင်တယ်လို့ ပြောဆိုထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *