
အောက်တိုဘာ ၁၉၊ ဖားးကန့်
ဖားကန့်မြို့နယ် ၊ လုံးခင်းကျေးရွာအုပ်စု၊ ဆန်ခါကျေးရွာရှိ နေမင်းကမ္ဘာကျောက်စိမ်းကုမ္ပဏီဝင်းလုပ်ကွက်မှာ အောက်တိုဘာလ ၁၈ ရက် ည (၉)နာရီ မိနစ် (၂၀)အချိန်မှာ မြေစာပုံပြိုကျမှုထဲ ရေမဆေးသမား(၁၀)ဦးခန့် ပါသွားတယ်လို့ ဒေသခံများထံမှ သိရပါတယ်။
မြေစာပုံပြိုကျမှုထဲ (၁၀)ဦး ထဲက (၃)ဦးကို ပြန်လည်ကယ်ဆယ်ရရှိပြီး ( ၁)ဦးကိုတော့ သေဆုံးလျက်အလောင်းကိုသာ တွေ့ရှိခဲ့ကာ ကျန်(၂)ဦးမှာ ထိခိုက်ဒဏ်ရာတွေနဲ့ အသက်ရှင်လျက် တွေ့ရှိကယ်ဆယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသွားသူက အသက်(၁၈)နှစ်အရွယ် လှကျော်စံ ဖြစ်ပြီး ၊ ဒဏ်ရာရရှိသူနှစ်ဦးမှာ ကောလင်းကျေးရွာသား ကိုစိုးမိုးအမည်ရှိ အသက်(၃၁)နှစ်နှင့် ဆန်ခါကျေးရွာသား အသက်(၂၆)နှစ်အရွယ် ကျော်ထက်ဆိုသူတို့ ဖြစ်သည်ဟု သိရပါတယ်။
“ ခေါင်းပေါင်းကျင်းတဲ့အချိန်မှာပြိုကျတာဆက်လက်ရှာဖွေမှုမရှိတော့ဘူးမရှိတော့ဘူးဆိုတာကလုပ်ကွက်ကKIAလုပ်ကွက်ဖြစ်နေလို့သူတို့ကရှာဖွေခွင့်မပေးတော့တာပေါ့ညကတည်းကအေ့သုံးယောက်ကိုရှာပေးပြီးတော့နားသွားတာ” ဟု ဖြစ်စဉ်ကိုမျက်မြင်တွေ့ခဲ့သူရေမဆေးသမားတစ်ဦးကရှမ်းနီအသံကိုပြောပြပါတယ်။
အဆိုပါကျောက်စိမ်းကုမ္ပဏီဝင်းလုပ်ကွက်ဟာ လက်ရှိ KIA ပိုင်လုပ်ကွက်တစ်ခုဖြစ်ပြီး ကျန်ရှိနေတဲ့ ပျောက်ဆုံးသူတွေကို ၎င်းတို့မှ ဆက်လက်ရှာဖွေခွင့်မပေးတော့တာကြောင့် ကယ်ဆယ်ရေးပြုလုပ်မှု ရပ်နားလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။
“ ကုမ္ပဏီကနေမှ ဘက်ဟိုးက ဆက်လက်ရှာဖွေမပေးတော့ပဲနဲ့ သူကရပ်နားပလိုက်တော့တာ အဲ့လိုနားတော့ ရေမဆေးတွေကမကျေနပ်ဘူး ပြောချင်တာက ဆက်လက်ပြီးဆက်ပြီး ရှာပေးစေချင်တယ်” လို့ ၎င်းက ဆက်ပြောဆိုပါတယ်။
မနေ့က လုပ်ကွက်အတွင်းတွင် ကျောက်စိမ်းရှာဖွေနေသူ ရေမဆေးသမား ခန့်မှန်းချေ (၅၀)ဦးခန့် ရှိနေခဲ့တယ်လို့ သိရပါတယ်။