တယ်လီနော်အော်ပရေတာကိုနာမည်ပြောင်းလိုက်တဲ့ ATOM ကမြန်မာပြည်အတွင်းကျပ်သန်း(၃၀၀၀) ကူညီမည် 

တယ်လီနော်(မြန်မာ) အော်ပရေတာကို နာမည်ပြောင်းထားတဲ့ ATOM က မြန်မာပြည်အတွင်း ကျပ်သန်း (၃၀၀၀) ကူညီသွားမယ်လို့ ကုမ္ပဏီဘက်က ထုတ်ပြန်ပါတယ် ။

လုပ်ငန်းစတင်လည်ပတ်အချိန်ကစပြီး လာမယ့် ၂၀၂၃ အထိ မြန်မာနိုင်ငံအတွင်းက ပညာရေး ၊ကျန်းမာရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ ကျပ်သန်း (၃၀၀၀) ကူညီသွားမှာဖြစ်တယ်လို့ ATOM က ပြောဆိုထားပါတယ်။ 

ATOM အနေနဲ့ ရင်းနှီးမြှုပ်နှံငွေ အမေရိကဒေါ်လာ သန်း ၃၃၀ နဲ့ လာမယ့်နှစ်ထဲမှာ 5G ကွန်ရက်အသုံးပြုနိုင်အောင်လုပ်ဆောင်သွားမယ်လို့လည်း ပြောဆိုထားပါတယ်။ 

မူလ တယ်လီနော်(မြန်မာ) အော်ပရေတာက လက်ပနွမ်အခြေစိုက် ကုမ္ပဏီဖြစ်တဲ့ M1 ကုမ္ပဏီကို ရောင်းချခဲ့တာဖြစ်ပြီးနောက်  ဒီကုမ္ပဏီရဲ့ ရှယ်ယာအများစုကို စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွယ်တဲ့ ရွှေဗျိုင်းဖြူ စီးပွားရေးလုပ်ငန်းစုက လွန်ခဲ့တဲ့ လက လွဲပြောင်းဝယ်ယူခဲ့တယ်လို့  ရိုက်တာ သတင်းဌာနက ရေးသားဖော်ပြထားပါတယ်။

ATOM အနေနဲ့ လူ့အခွင့်အရေးစံချိန်စံညွှန်းတွေကို လေးစားလိုက်နာမယ်လို့လည်း ကတိပြုထားပါတယ်။ 

Justice for Myanmar မေလနောက်ဆုံးထုတ်ပြန်ချက်က တယ်လီနော်က M1 ကိုရောင်းချရာမှာ တရားဝင်ကြားဖြတ်ဖမ်းယူနိုင်တဲ့ နည်းပညာပါရှိတဲ့အတွက် ပြစ်တင်ဝေဖန်ထားတာလည်းဖြစ်ပါတယ်။ 

အာဏာသိမ်းပြီးတဲ့ တယ်လီနော်ကို လူအများစု ပိုသုံးစွဲလာကြပြီး သုံးစွဲသူ ပမာဏအားဖြင့် ၂၀၂၁ ခုနှစ် ရောင်းချချိန်အထိ ၁၈ သန်းရှိတယ်လို့သိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *