တိုင်းလိုင်ရှမ်းနီအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ (၁၀) နှစ်ပြည့် အခမ်းအနား ဘီလူးမြို့မှာပြုလုပ် 

မေ ၁၀ ၊ မိုးညှင်း 

တိုင်းလိုင်ရှမ်းနီအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP)ရဲ့ ၁၀ နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ မိုးညှင်းမြို့နယ် ဘီလူးမြို့ နောင်ဆိုင်ရိပ်သာမှာ ဆွမ်းကပ်တရားနာမှုတွေပြုလုပ်ခဲ့ပါတယ်။ 

၁၀ နှစ်တာရှိလာပြီဖြစ်တဲ့ ကျားနီပါတီနဲ့ပတ်သက်ပြီး ဗဟိုကော်မတီဝင် ဦးကျော်ထွေးက 

“ အောင်မြင်မှုကတော့ အထိုက်အလျှောက် ပထမတစ်ကြိမ်တုန်းကတော့  စစ်ကိုင်းတိုင်းမှာတော့ တိုင်းရင်းသားရေးရာဝန်ကြီးနဲ့ တိုင်းလွတ်တော်ကိုယ်စားလှယ်တစ်ယောက်ရခဲ့တာပေါ့နော် ။  ၂၀၂၀ ရွေးကောက်ပွဲမှာကတော့ ပါတီအနေနဲ့  အောင်မြင်မှုတော့မရဘူး လွတ်တော်ထဲတော့မရောက်ဘူး။ ငါတို့လူမျိုးတွေရဲ့ စိတ်ထဲမှာ မျိုးချစ်စိတ်ဓာတ်ပေ့ါ အမျိုးကိုချစ်တဲ့စိတ် ။ စာပေယဉ်ကျေးမှုကို ထိန်းသိမ်းတတ်တဲ့စိတ် ပိုပြီးမှသိလာကြတယ်။ အသိအမြင်တွေပိုပြီးမှ ရှိလာကြတာပေါ့ ။ ကျဆုံးမှုကတော့ သိပ်ကြီးကြီးမားမားရှိပါဘူး”  လို့ပြောပါတယ်။

၁၀ နှစ််တာအတွင်းမှာ ကျားနီပါတီက ရွေးကောက်ပွဲ နှစ်ကြိမ်ဝင်ခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲမှာ နေရာနှစ်ခုအနိုင်ရခဲ့တာလည်းဖြစ်ပါတယ် ။

ကျားနီပါတီက ကချင်ပြည်နယ် နဲ့ စစ်ကိုင်းတိုင်းဒေသကြီး ၊မန္တလေးတိုင်းဒေသကြီးတို့မှာ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 

လာမယ့် ရွေးကောက်ပွဲတွေဖြစ်လာရင်လည်း ရွေးကောက်ပွဲတွေကို ဆက်လက်ဝင်သွားမှာဖြစ်ပြီး ပါတီရည်မှန်းချက်ဖြစ်တဲ့ ရှမ်းနီပြည်နယ်ရရှိရေးအတွက်လည်း ကြိုးစားသွားမယ်လို့ဆိုပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *