ထမံသီစံပြကျေးရွာမှာ  နွေရာသီသျှမ်းနီစာပေနှင့်ရိုးရာယဥ်ကျေးမှုသင်တန်းကိုဖွင့်လှစ်သင်ကြား

ဟုမ္မလင်းမြို့နယ် ထမံသီစံပြကျေးရွာတွင် ဖွင့်လှစ်သင်ကြားနေသည့် ရှမ်းနီစာပေနှင့်ယဉ်ကျေးမှုသင်တန်း Photo/ShanNi Voice

မတ် ၂၄ ၊ ဟုမ္မလင်း 

စစ်ကိုင်းတိုင်းအထက်ပိုင်း ဟုမ္မလင်းမြို့နယ် ထမံသီစံပြကျေးရွာမှာ သျှမ်းနီစာနှင့် ရိုးရာယဥ်ကျေးမှုသင်တန်းကို မတ်လ (၁၈) ရက်နေ့က စတင်ဖွင့်လှစ်သင်ကြားနေတယ်လို့ စုံစမ်း သိရှိရပါတယ်။

ကလေးတွေလည်းသျှမ်းစကားပြောတတ်ဆိုတတ်ဖို့အတွက်ဖွင့်လှစ်သင်ကြားပေးတာပါ။အခုကလေးတွေကသိပ်မတတ်ကြတော့ဘူး။အခုကသုံးပုံမှာတစ်ပုံပဲပြောတတ်တော့တာ။တစ်ပုံတောင်လူကြီးတွေလောက်ပဲရှိတော့တာ။ကလေးတွေကတော့မပြောတတ်ကြတော့ဘူး။ သင်တန်းဖွင့်လှစ်ခြင်း ရည်ရွယ်ချက်နဲ့ပတ်သက်ပြီး  ထမံသီစံပြကျေးရွာက  တိုင်းလျန်(ရှမ်းနီ) စာပေနှင့် ရိုးရာယဥ်ကျေးမှုကော်မတီ တွဲဖက်-အတွင်းရေးမှူး စိုင်းနောင်စိုးက ပြောပါတယ်။ 

ရှမ်းနီစာပေနှင့်ယဉ်ကျေးမှု သင်တန်းကို မနက်ပိုင်း နှင့် ညပိုင်း နှစ်ချိန်ခွဲသင်ကြားပေးနေကာ   ဆရာ/မ ၅ ဦး နှင့်  သင်တန်းသား ၆၀ ဦးရှိကြောင်း သိရပါတယ်။ 

ထမံသီဒေသက လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀ ကတည်းက တည်ထောင်ခဲ့တဲ့ ဒေသတစ်ခုဖြစ်ပြီး သမိုင်းကြောင်းနှင့် ရိုးရာယဉ်ကျေးမှု ၊ စာပေတွကို လေးစားတန်ဖိုးထားတတ်ဖို့အတွက် ရည်ရွယ်ပြီးတော့ သင်ကြားနေခြင်းဖြစ်တယ်လို့  ထမံသီစံပြကျေးရွာ တိုင်းလျန်(ရှမ်းနီ) စာပေနှင့် ရိုးရာယဥ်ကျေးမှုကော်မတီ ဥက္ကဌ ပြောပါတယ်။ 

ထမံသီစံပြကျေးရွာက တိုင်းလျန်(ရှမ်းနီ) စာပေနှင့် ရိုးရာယဥ်ကျေးမှုကော်မတီအနေနဲ့ ရံပုံငွေအင်အားတောင့်တင်းမှု အားနည်းနေတဲ့အတွက် ရွာဦးကျောင်းဆရာတော်ရဲ့ ကူညီပံ့ပိုးမှုကြောင့်သာ သင်တန်းကိုဖွင့်လှစ်နိုင်ခြင်းဖြစ်ကြောင်း သိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *