ထီးချိုင့်မြို့နယ်ဝဲကြီးကျေးရွာလေကြောင်းမှဗုံးကြဲခံရမှုကြောင့်ကလေးနှင့်အရပ်သား (၃)ဦးသေဆုံး

ထီးချိုင့်မြို့ ဧရာဝတီမြစ်ကူးတံတားကိုတွေ့ရစဉ်

ဇန်နဝါရီ ၄ ၊ ထီးချိုင့် 

စစ်ကိုင်းတိုင်ဒေသကြီး ထီးချိုင့်မြို့နယ် ဝဲကြီးကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးအပါအဝင် အရပ်သားသုံးဦး သေဆုံးခဲ့တယ်လို့ ဒေသခံသတင်းအရင်းအမြစ်ထံကနေ သိရှိရပါတယ်။ 

“ ကြူတောင်ကိုက တစ်ချက် ချသွားတာ။ အဲ့ဒီဝဲကြီးကိုက တစ်ချက်ချတာ။ အဲ့ဒီဝဲကြီးက ကလေး ၁၇ နှစ်တဲ့၊ အသက် ၆၀ တဲ့ နောက်ပြီး တစ်ယောက်က ဘယ်လောက်လဲမသိဘူး သုံးယောက်သေသွားတာလေ။ အိမ်က လေးလုံးတဲ့။” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။ 

စစ်ကောင်စီက ဝဲကြီးကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ယမန်နေ့ ဇန်နဝါရီလ ၃ ရက်နေ့  ၁၀ နာရီ ဝန်းကျင်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ၎င်းကဆိုပါတယ်။ 

“တိုက်ပွဲ မဟုတ်ပါဘူးမောင်ရေ။ ဒီအတိုင်းပစ်တာပါ့။ မိချောင်းအိုက် တွေဘက်တွေကော ရောက်တာကော ရောက်ပြီးတော့ အဲ့ဘက်ကနေ လှည့်သွားပြီးတော့ ပစ်သွားတာပါ့ညယ့်။” လို့ ဆိုပါတယ်။ 

  ထီးချိုင့်မြို့နယ်အတွင်းက ကျေးရွာတွေကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်တာနဲ့ ပတ်သက်ပြီးတော့ နောက်ထပ်ဒေသခံအမျိုးသား သတင်းအရင်းအမြစ်တစ်ဦးကလည်း ယခုလို ပြောကြားလာပါတယ်။

“အားလုံး ရွာတွေကော ပတ်ကြဲနေတာတဲ့။ စစ်ကို မဖြစ်ဘူး။ ဘေးရွာတွေရောပါ အကုန်ကြဲတော့တာ” လို့ ဆိုပါတယ်။ 

ထီးချိုင့်မြို့ကို ဒေသကာကွယ်ရေးတပ်များက မြို့သိမ်းတိုက်ပွဲအဖြစ် ဆင်နွဲနေပြီး ရက်ပေါင်း ၄၀ ကျော်ကြာမြင့်နေပေမယ့် မြို့သိမ်းနိုင်ခြင်းမရှိပဲ ဆက်လက််တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်သည်။ 

Leave a Reply

Your email address will not be published. Required fields are marked *