နန်းမားကျေးရွာကမူးယစ်ဆေးဝါးရောင်းဝယ်မှုပြုလုပ်နေတဲ့ညီအစ်ကိုနှစ်ဦးအသတ်ခံရ

ဒီဇင်ဘာ ၁၂ ၊ မိုးညှင်း

  မိုးညှင်းမြို့နယ် ၊နန်းမားကျေးရွာမှာ မူးယစ်ဆေးဝါးရောင်းဝယ်မှုပြုလုပ်နေတယ်လို့ သတင်းထွက်ပေါ်နေတဲ့ ညီအစ်ကိုနှစ်ဦးဟာ ဒီဇင်ဘာလ (၁၀)ရက်နေ့မှာ သတ်ဖြတ်ခံခဲ့ရတယ်လို့ ကျေးရွာသားများထံမှ သိရပါတယ်။

သတ်ဖြတ်ခံခဲ့ရသူ ညီအစ်ကိုနှစ်ဦးဟာ အသက်ငါးဆယ်ဝန်းကျင် လူလတ်ပိုင်းများဖြစ်ကြကာ အောင်ထွန်း(ခေါ်)ထွန်းထွန်းနှင့် လင်းလင်းထွန်း(ခေါ်)အစိလေးတို့ဖြစ်၏ ဖြစ်ကြကြောင်း သိရှိရပါတယ်။ 

   “ ညီအကို ညီအစ်ကိုသူတို့က သူ့ညီကမိန်းမယူထားတာမကြာသေးဘူး သူ့ညီကိုတော့သေနတ်နဲ့ပစ်သတ်သွားတာ ညကတည်းကပစ်သတ်ထားတာမသေသေးဘူး မိုးလင်းခါနီးမှ သေသွားတယ်နေမှာ အဲ့သလို ညည်းတဲ့အသံကြားရတယ်တဲ့ တစ်ညလုံးကြားနေရတာတဲ့ ဟု နန်းမားကျေးရွာသားတစ်ဦးက ပြောပြပါတယ်။

  ၎င်းတို့နှစ်ဦးထဲမှ ညီဖြစ်သူက လက်ပံတန်းကျေးရွာတွင်  ဒီဇင်ဘာလ (၁၀)ရက်နေ့  ညပိုင်းအချိန်မှာ သေနတ်ဖြင့်ပစ်သတ်ခံထားရတာဖြစ်ကာ  အစ်ကိုဖြစ်သူက နာရီပိုင်းအကြာမှာ အချိန်အနည်းငယ်အကြာမှာ သတ်ခံရတာဟု  သိရပါတယ်။

  အစ်ကိုဖြစ်သူကို မနက်ပိုင်းအချိန်တွင် နန်းမားကျေးရွာအထွက်ရှိ မြင့်မြတ်စေတနာ စက်သုံးဆီအရောင်းဆိုင်အနီး၊ ကြက်ခြံအတွင်းမှာ လက်ပြန်ကြိုးတုတ်သတ်ဖြတ်ထားတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

  လုပ်ကြံသတ်ဖြတ်တဲ့အဖွဲ့အစည်းနှင့် သတ်ဖြတ်ရခြင်းအကြောင်းအရင်းကို  ကျေးရွာဒေသခံများက မသိရှိကြသေးဟု ဆိုကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *