ဇန်နဝါရီ ၂၄ ၊ မိုးညှင်း
မိုးညှင်းမြို့နယ် နမ္မားမြို့မှာ ၂၀၂၀ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးတဲ့ ကိုယ်စားလှယ် ဦးတင်ညွှန့် ကို လက်နက်ကိုင်ဆောင်ထားသူတွေက ဇန်နဝါရီလ ၂၄ ရက်နေ့ မနက်ပိုင်းမှာ ကိုဆန်းဝင်းလက်ဖက်ရည်ဆိုင်ထိုင်နေစဉ် သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခံရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
“ အဲ့တာကဟုတ်တယ်တဲ့ Death body ကိုဒီဘက်(မိုးညှင်း)ကိုယူခဲ့တဲ့ ငါသွားကြည့်အုံးမယ်၊ နမ္မားက လက်ဖက်ရည်ဆိုင်ကိုပြောတယ်။ ၈ နာရီလောက်ကလို့ခေါင်းမှာလို့တော့ပြောတယ်ကွာ၊ သူဘာမှတော့မလုပ်ဘူး ဒီလိုပဲနေနေတာ ” လို့ ဦးတင်ညွှန့်ရဲ့ သူငယ်ချင်းတစ်ဦးက ပြောပါတယ်။
သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီးတော့ သူက စစ်ကောင်စီက တစ်အိမ်တစ်ဆင်းမြေပြင်လူဦးရေစာရင်းလိုက်ကောက်တဲ့နေရာမှာ ပါဝင်မှုကြောင့်ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။
“ သူက ခန့်ထားတဲ့အုပ်ချုပ်ရေးမှူးတော့မဟုတ်ဘူး၊ အုပ်ချုပ်ရေးမှူးက ခရီးထွက်နေတော့သူက ရပ်မိရပ်ဖအနေနဲ့ စာရင်းကောက်တဲ့နေရာမှာ လိုက်ကူပေး ၊ လုပ်ကူပေးတာတော့ရှိတယ် “ လို့ နမ္မားဒေသခံတစ်ဦးပြောပါတယ်။
သတ်ဖြတ်ခံရတဲ့ ဦးတင်ညွှန့်ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ကချင်ပြည်နယ် အမျိုးသားလွတ်တော်မဲဆန္ဒနယ်အမှတ် (၇) နေရာမှာ ရှမ်းနီတိုင်းလျှန် သွေးစည်းညီညွတ်ရေးပါတီ (SSP) ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့သူလည်းဖြစ်ပါတယ်။
အသက် ၆၅ နှစ်အရွယ် ဦးတင်ညွှန့်ဟာ ရှမ်းလူမျိုးတစ်ဦးဖြစ်ပြီး ၂၀၂၀ မတိုင်ခင်က ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင်က ကြံ့ခိုင်ရေးပါတီ နဲ့ လူမှုကူညီရေးအသင်းတွေမှာ ပါဝင်ခဲ့သူဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုမှုအရ သိရပါတယ်။
စစ်ကောင်စီက တစ်အိမ်တက်ဆင်းလူဦးရေစာရင်းကောက်ယူမှုတွေကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ၁၀ ဦးထက်မနည်းသတ်ဖြတ်ခံရသလို PDF တွေရဲ့ ဖမ်းဆီးခြင်းခံထားရသူတွေလည်းရှိနေတယ်လို့ သိရပါတယ်။