ဖားကန့်မြို့နယ်မှာ  မိုးသီးကြွကျမှုအပြီး သွပ်ဝယ်ယူမှုများပြားနေတာကြောင့် သွပ်စျေးအဆမတန်မြင့်တက်ကာ ရှားပါးနေ 

မတ် ၂၈ ၊ ဆိပ်မူ 

ဖားကန့်မြို့နယ်အတွင်းရှိ ဆိပ်မူကျေးရွာအပါအဝင် အနီးပတ်ဝန်းကျင်ကျေးရွာတွေမှာ မတ်လ(၂၆)ရက််နေ့ညပိုင်းအချိန်က ကြီးမားတဲ့မိုးသီးအရွယ်အစားကြွေကျမှုအပြီး ဒေသအတွင်း အမိုးအကာသွပ်များဝယ်ယူမှု များပြားနေတယ်လို့ သိရပါတယ်။

    မိုးသီးကြွေကျခဲ့မှုကြောင့် နေအိမ်အမိုးများပျက်စီးပေါက်ပြဲခဲ့ပြီး သွပ်ပြန်လည်လဲလှယ်မှုတွေနဲ့  သွပ်များအား အလုအယက်ဝယ်ယူနေကြရတာကြောင့်   သွပ်စျေးများအဆမတန်မြင့်တက်ရှားပါးလာနေတယ်လို့  ဒေသခံများက ဆိုကြပါတယ်။  

  “ အခုဟာကအတော်များများက မနေ့ကဆိုလမ်းပေါ် ဆိုင်ကယ်ကားရူပ်လို့ပါ့  သွပ်ဝယ်ကြတာကိုပြည့်လို့ကြပ်လို့ဆိုင်တွေမှာ ကိုယ့်အလှည့်ရောက်ဖို့တောင် အလော အခုကစျေးတွေဆို တက်တက်နေတာ’ဟု ဆိပ်မူကျေးရွာသားတစ်ဦးက ပြောပြပါတယ်။

   သွပ်တစ်ပေကို  အရင်စျေးက ကျပ်၂ထောင်ကျော်သာရှိခဲ့ပြီး ယခုရက်ပိုင်းမှာတော့ (၃၅၀၀)ကျပ်ထိ မြင့်တက်ရောင်းချနေကြကာ  သုံးခန်းပတ်လည်သွပ်မိုးရန်အတွက်  (၂၅)သိန်း(၅)သောင်း ကုန်ကျခဲ့တယ်လို့ ၎င်းကဆိုခဲ့ပါတယ်။  

      ဖားကန့်မြို့၊လုံးခင်း၊ဝှေခါကျေးရွာတို့မှာတော့ မိုးသီးကြွေကျမှု နည်းပါးခဲ့ပြီး ဆိပ်မူကျေးရွာ၊ မမုံကျေးရွာ၊ကရင်ချောင်စတဲ့ကျေးရွာတွေအပြင် အနီးတစ်ဝိုက်မှော်ကျေးရွာတွေမှာတော့ နေအိမ်ပေါက်ပြဲပျက်စီးမှု ဆိုးဝါးခဲ့ကာ ကျောက်စိမ်းကုမ္ပဏီအဆောင်ကြီးတွေရဲ့ အမိုးအကုန်လုံးလိုလိုလည်း လဲလှယ်ခဲ့ကြရတယ်လို့ သိရပါတယ်။

  “ အရင်တုန်းကတည်းက အထူမိုးထားတဲ့အိမ်တွေကမပေါက်ဘူး အပါးတွေကတော့အကုန်ပေါက်တာပဲ အခုဘာလည်းမလုပ်ရဘူး အိမ်ပြင်မယ်အိမ်မိုးမယ် လုပ်နေကြတာ ရှုပ်လို့ခတ်လို့ သွပ်မရတဲ့သူလည်း အာ့တာဖြေးဖြေးမိုးယုံပဲ ဦးလေးတို့လည်း မိုးမရွာပါစေနဲ့လို့သာ ဆုတောင်းနေရတာပါ့’ ဟု နေအိမ်သွပ်မိုးပျက်စီးခဲ့သူတစ်ဦးက ပြောပြပါတယ်။ 

    အဆိုပါညက ဆယ်မိနစ်ကျော်ကြာ မိုးသီးများကြွေကျခဲ့ကာ စိုက်ပျိုးသီးနှံများ အသီးအရွက်ကြွေကျပျက်စီးသလို  ကားမှန်များကွဲတာ ၊ ညဆိုင်းဆင်းရေမဆေးသမားအချို့လည်း ထိခိုက်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *